😎 ရဲဘော်တို့
ရဲဘော်တို့လွတ်မြောက်လာတဲ့အတွက် ငါဂုဏ်ယူတယ်၊ ဒီနေ့ဒီအချိန်မှာ လွတ်မြောက်လာတာဟာ အစိုးရကလွှတ်ပေးတာ ဆိုပေမယ့် ကျေးဇူးတင်စရာမလိုဘူး၊ အစိုးရကို သခင်ကိုယ်တော်မှိုင်းက အိပ်မက်ပေးလို့ လွှတ်ပေးတာဖြစ်တယ်၊ ဒါကြောင့် သခင်ကိုယ်တော်မှိုင်းကို ကျေးဇူးနီတင်ရမယ်။
ရဲဘော်တို့
ငါတို့တော်လှန်ရေးဟာ မပြီးသေးဘူး၊ သွေးမြေမကျပဲရတာ ရေထိုးထားတဲ့ကြက်ပဲရှိတယ် ဆိုတာ သတိပြုပါ၊ ဒါ့ကြောင့် တော်လှန်ရေးစိတ်တွေ မွေးမြူထားရမယ်၊ အရာရာကို တော်လှန်နေရမယ်၊ လှန်စရာမရှိရင် ကိုယ့်ထမီကိုယ်လှန်ထားရမယ်။
ရဲဘော်တို့
လက်ရှိဖောက်ပြန်နေတဲ့ စနစ်ကိုတိုက်ရမယ်၊ တိုက်စရာကုန်သွားရင်လည်း ကုတင်စောင်းနဲ့ တိုက်နေရမယ်၊ အလကားနေရင်း သပိတ်မှောက်ကြရမယ်၊ ဘာကြောင့်မှောက်ရတယ်တော့ ငါလည်းမသိဘူး၊ ဒါပေမယ့် သပိတ်ဆိုတာ မှောက်ထားရတယ်။
ရဲဘော်တို့
ပထမအဆင့်အနေနဲ့ ငါတို့ရဲ့တော်လှန်ရေးနီမှာ လူတန်းစားညီမျှရေးအရ ဘယ်သူမှချွန်ထွက်မနေရဘူး၊ ချွန်ထွက်လာရင် နို့သီးခေါင်းတောင်မချန်ပဲ ကိုက်ဖြတ်ရမယ်။ ဒါမှသာ တော်လှန်ရေးဟာ ထွန်းပြောင်မှာဖြစ်တယ်၊ ဘာမှမပြောင်ရင်တောင် ဖင်တော့ပြောင်ရမယ်၊ ဖင်ပြောင်ဖို့အတွက် အနည်းဆုံး စောက်ခွက်ပြောင်ရမယ်။ ဒါဟာ တော်လှန်ရေးရဲ့ အနှစ်သာရဖြစ်တယ်။
ရဲဘော်တို့
ငါတို့ရဲ့ရှေ့က ရဲဘော်တွေဟာ သူတို့ရဲ့ခေါင်းတွေ သွေးချင်းချင်းနီတဲ့အထိ တိုက်ခဲ့ကြတယ်။ ဘာနဲ့တိုက်လည်းတော့ ငါမပြောတတ်ဘူး။ သေချင်းဆိုးနဲ့သေတဲ့ ရဲဘော်တွေကို မြုပ်တဲ့အခါ ခေါင်းကသွေးမထွက်အောင် ဖာပြီးမြုပ်ကြရတယ်။ ဒါကြောင့် ငါတို့ဟာ ဖာခေါင်းမျိုးဆက်ဖြစ်တယ်။ တော်လှန်ရေးဟာ ခုချိန်မှာ လမ်းဆုံလမ်းခွကို ရောက်နေတာဖြစ်တယ်။ ငါတို့ဖာခေါင်းမျိုးဆက်ဟာ လမ်းဆုံလမ်းခွကိုရောက်နေတဲ့အတွက် ငါတို့အတွက် အဆင်ပြေတယ်။
ရဲဘော်တို့
အရှင်းလင်းဆုံးပြောရရင် ငါတို့ရဲ့ပန်းတိုင်ဟာ ငါတို့ရဲ့ပန်းတိုင်ဖြစ်တယ်။ ဒီထက်ရှင်းအောင် ငါမပြောတတ်ဘူး။ အင်တာနေရှင်နယ်သီချင်းကို ဆိုကြ။ ဘယ်သူရေးမှန်းမသိလည်း ဆိုကြ။ ဖောက်ပြန်နေတဲ့ အရင်းရှင်အစိုးရကိုတိုက်ကြ။
ဘယ်သူရေးသွားမှန်းမသိတဲ့ ငါတို့ရဲ့ ဆောင်ပုဒ်နီအတိုင်း
ကျောင်းနံရံတဝိုက်မှာ
ဒေါင်းအလံစိုက်ပါ
ပြီးရင် တစ်သောင်းတန်ပိုက်ပြီး
ဇောင်းပြန်တိုက်ပါ။
ရဲဘော်ခေါင်
ပေါလစ်ဗျူရိုအဖွဲ့ဝင်
အရှေ့တောင် KTV တပ်ဦး {{ Credit = Myo Ko Ko }}
No comments:
Post a Comment