သီတဂူဆရာတော်ဘုရားကြီး
အင်းစိန်သံဃာ့ညီလာခံကြီး၌ မိန့်ကြားတော်မူခဲ့သော ရင်နင့်ဘွယ်ရာ သမိုင်းကြောင်းတစ်ခု…..
“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်
@@@@@@@@@@@@@@@@@@@
ရန်ကုန်မြို့လယ်ခေါင်မှာ
သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။သာသနာရောက်ကထဲက စရှိတဲ့''သိမ်တော်ကြီး''ပါ။
ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံ
တောင်ဘက်နားမှာ ရှိတယ်။
ကျန်တဲ့သိမ်တွေဘယ်ရောက်
ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။
''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့
စေတီတော်ကြီး တစ်ဆူရှိတယ် ဆူးလေဘုရားလောက်ရှိတယ်။
အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။
စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။
မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့
လယ်ခေါင်မှာဈေး မရှိသေးဘူး၊ဈေးကြီးဆောက်
ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။
''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။
သူတို့ကအကွက်မြင်တယ် ''ဈေးဆောက်ခွင့်ပေးပါ''
ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။
''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။
စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။
ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။
သိမ်ကြီးဈေးဆောက်တော့''ဘုရား''တော့ ပျောက်သွားတယ် ''ဗလီ''ပဲ ကျန်တယ်။
ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး သမိုင်းအမှန်ကို ပြောပြခြင်းပါ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့
သိဖို့အရေးကြီးတယ်။
လူ့အခွင့်အရေးဆိုတာတွေ
ပြောရင် ''စေတီတွေ
မပျောက်ကွယ်ခွင့်''ဆိုတာကို
လည်းပဲ ပြောရမယ်။
လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်
ပေးသင့်ပါတယ်။
အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်
ပေးနေတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်
မဟုတ်ပါဘူး။
ဟိန္ဒူတွေ ဖြစ်ပါတယ်''။
ဒါကြောင့်တပည့်တော်တို့ရဲ့
အဖွဲ့အစည်းရဲ့
နောက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့
လိုလိမ့်မယ်။
အဲဒါကိုယ်လည်း တင်ပြပါတယ်။
သီတဂူဆရာတော် ။
အမျိုးသားရေး ဆရာတော်
(9-4-2016)
No comments:
Post a Comment