Sunday, April 17, 2016

မင်္ဂလာ

မင်္ဂလာ

မင်္ဂံ ပါပံ လုနာတိ အရ မင်္ဂံလာ
ဒေသနာမှာ လာရှိ
ပါဠိမို့ မသိသေးသူများ
နားလည်အောင်ပြောပြမယ်။

လောကဝယ် အပြစ်မရှိ
ကောင်းဘိလို့ယူဆကြ
နောင်တမရစေတဲ့အရာမျိုး
ကောင်းကျိုးအမျိုးမျိုးပေးနိုင်
စိတ်ဓ်ာကြံ့ခိုင်တဲ့ အရာ
မင်္ဂံလာ. . .တဲ့။

ဘုရားရှင်ရဲ့ မင်္ဂံလသုတ်တော်
ထုတ်ဖော်ကာ ဟောကြားထား
လူမိုက်များကို ရှောင်ကြဉ်
လူကောင်းဆိုရင် ပေါင်းသင်း
အချင်းချင်းလဲ ရိုင်းပင်းကူညီ
သုံးဆယ့်ရှစ်လီသော မင်္ဂလာ
အသေအခြာရှိသားပဲ။

တလွဲထင်နေကြတာက
လက်ထပ်မှ မင်္ဂလာ
နှစ်သစ်ရောက်တာမှ မင်္ဂလာ
ရှင်ပြုတာမှ မင်္ဂလာတဲ့။

ဘုရားရဲ့အလိုတော်ကျ
နေပြဖို့လဲ တွေးကြပါအုံး
စိတ်နှလုံးအေးမြမှုကိုရှာ
ကောင်းတာကို လက်မလွတ်စေနဲ့
ကောင်မှုရဲ့ တန်ဖိုး
တစ်မျိုးမျိုးတော့ ခံစားရမှာပါ
အဲ့ဒါ . . .  မင်္ဂလာ။

ဣန္ဒာ (ရွှေထီးမြေ)

No comments:

Post a Comment