Sunday, April 17, 2016

နားနှင့်နာနာ မနာနာ နှလုံးသားနဲ့ ဖတ်သွားပါတဲ့

နားနှင့်နာနာ မနာနာ နှလုံးသားနဲ့ ဖတ်သွားပါတဲ့
****************************

Comment တစ်ခုက ကြိုက်လို့ဆွဲလာတာ အရှင်ပညာဇောတဆိုတဲ့ ဘုန်းဘုန်းတစ်ပါးရေးထားတာပါ
==========================

တတိတတိနဲ့ ပိပိရိရိ ဖဲ့စားနေတာ မင်းသိလား?
တို့က ဝါဒကို ဆုပ်ကိုင်ထားတာ မဟုတ်ဘူး နှလုံးသား အမွေအနှစ်ကို သမိုင်းနဲ့ ထိန်းကျောင်းနေတာ..................

ဒါ သိပ္ပံခေတ် အိုင်တီခောတ် ဟုတ်လား?
ဟုတ်တာပေါ့ သိပ္ပံခေတ် အိုင်တီခောတ်မို့ ယဉ်ကျေးမှုတွေ တစတစ မလှမပနဲ့ ပြည်ဖုံးကား ချခံနေရတာ မင်းသိလား?

ဘာသာရေး အစွန်းရောက်တွေ ဟုတ်လား?
မင်းပြောကြည့်စမ်း အိန္ဒိယလူမျိုးတွေ သောက်သုံးမကျလို့ အောက်ဆုံးဘဝနဲ့ ငါတို့ဘာသာ ကျွန်ဖြစ် နွံနစ်သွားတာ မင်းသိလား?

နှလုံးသားမှာ ဘုရားတည်ဖို့ပဲလိုတယ် ဟုတ်လား?
ကိုယ်ပစ္စည်းမှန်ရင် ဘာခြံမှ မလိုဘူး ဟုတ်လား?
အေး မင်းအိမ်ကို မင်းပိုင်တယ်ဆိုရင် အိမ်တံခါးမပိတ်ဘဲ အိပ်ကြည့်ပါလား သူခိုးတက် ခွေးတက်နဲ့ မင်းမိန်းမပါ လက်ရာပျက်နေဦးမယ်သိလား?

အမှောင်ထဲက ကောင်က အခွင့်ရှာ အချောင်နှိုက်ဖို့ မှောင်မိုက်မှာ အကြံရှာ........သွေးအေးလို့ မင်း....မနွေးထွေးနေရင်
ပွဲလန့်တုန်း ဖျာခင်းသွားလိမ့်မယ် သတိထား.......

မင်းနိုင်ငံထာဝရတည်ဖို့........ မင်းဘာ
အာမခံချက်ပေးမလဲ?
မင်းလူမျိုးတည်ဖို့.......မင်းဘာအာမခံချက်ပေးမလဲ?
မင်းဘာသာတည်ဖို့......မင်းဘာအာမခံချက်ပေးမလဲ?
မင်းအာဏာတည်ဖို့.....မင်းဘာအာမခံချက်ပေးမလဲ?
မင်းယဉ်ကျေးမှုတည်ဖို့....မင်းဘာအာမခံချက်ပေးမလဲ?
အဲ့မေးခဲ့တာတွေကို မင်းလူမျိုးတွေ ငွေနဲ့ မလဲဘူးလို့.......ဘာအာမခံချက်ပေးမလဲ?

ခုကတည်းက.....မင်းလူမျိုးကို ချစ်တတ်အောင် သင်ထား

ခုကတည်းက....... မင်းလူမျိုးကို
ဘုရားတံဆိပ် ခတ်နှိပ်ထား

ခုကတည်းက........မင်းလူမျိုးကို
အကျိုးစီးပွား ကြိုစဉ်းစားထား

ခုကတည်းက.......မင်းလူမျိုးကို
မ,အအောင် သမိုင်းသင်ထား

ခုကတည်းက......မင်းလူမျိုးကို
အနှောင့်အသွားလွတ် ကာကွယ်ထား

--------------------------

မင်းသိပ်မကျန်တော့ဘူးဆိုတာ မင်းသိလား
တတိတတိနဲ့ ပိပိရိရိ ဖဲ့စားနေတာ မင်းသိလား........

ငွေ,အာဏာ,မျက်နှာပဲ ကြည့်နေတဲ့ မင်းအချိုးကို ပြင်ထား........

မဖြစ်ဘူး မထင်နဲ့ လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်က အိန္ဒိယလူမျိုးတွေ မင်းလိုတွေးခဲ့တာ ခုမင်းဘာပြောမလဲ မြင်နေရပြီ မဟုတ်လား......

သတိထား ကြပ်ကြပ်သတိထား ပေါ့နေတဲ့မင်းကို
ဝိုင်းဆားခပ်ကြလိမ့်မယ် သတိထား.......

မင်းလူမျိုးက အာဏာနဲ့ ငွေအတွက်ဆို ဘာမဆို လုပ်တတ်တယ် မင်းသိလား.....

အချိန်မနှောင်း အိမ်မပြောင်းခင် ရဲရဲရင့်ရင့်
မင်းလူမျိုးနှလုံးသား ဘာသာတံဆိပ် ခပ်နှိပ်ထား......။

credit ashin pannajota

No comments:

Post a Comment