###အားသွားလို့လား?
သူငယ်ချင်း … …
မင်းငါဆုံခိုက် ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ် ။
ဥပုတ်နေ့၌ ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ် ။
ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်
အာနာပါန ရသမျှကို
သွင်းပရှုရှိုက် အတူလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ် ။
ဟိုတစ်နေ့က မအားနေရင်း
သူငယ်ချင်းဟာ သေမင်းခေါ်ရာ
မငြင်းသာဘဲ လိုက်ပါသွားရရှာလေပြီ ။
ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း … …။
***အမည်မသိ စာဆိုရှင်
No comments:
Post a Comment