Monday, April 11, 2016

ဘာဖြစ်လို့ လည်း သိလား

ဘာဖြစ်လို့ လည်း သိလား
----------------------------

ဟိုအရင်တုန်းက လူတွေသေပြီဆိုရင်
တယောက် နှစ်ယောက်ထက် မပိုဘူး

အခု ရာနဲ့  ထောင်နဲ့  ချီပြီး သေနေကြပြီ

ဟိုအရင်က ပျက်စီးမှု့တခုဟာ
အနည်းအကျဉ်းလောက်သာရှိတယ်
အခု မယုံကြည်နိုင်လောင်အောင်
ပျက်စီးမှု့တွေ ကြုံနေရပြီ

ဟိုအရင်က စည်းပွားရေးကြပ်တည်းပြီဆိုတာ
ထွက်ပေါက်တခုခု ရှိသေးတယ်
အခု လူတွေ ထွက်ပေါက်မရှိအောင်ကို
ကြပ်တည်းနေရပြီ

ဟိုတုန်းက အသက်ကြီးသူတွေလောက်သာ
အဓိကသေကြပြီး ငယ်ရွယ်သူတွေသေတာ
တော်တော်ရှားတယ်
အခု လူကြီး လူငယ်မရွေးတော့ဘူး

ဟိုတုန်းက သဘာဝဘေးအန္တရယ် ကျတယ်ဆိုရင်
ပျက်စီးမှု့နည်းနည်းလောက်ပဲရှိတယ်
အခု အံ့သြစရာကောင်းလောက်အောင်
ပျက်စီးမှု့တွေချည်းပဲ

အဲဒါ ဘာ့ကြောင့်လည်း သိလား

လူသင်းကွဲ သံဃာ သင်းကွဲဘေးကြောင့်
ရတနာသုံးပါးကိုစော်ကားသူတွေ ပိုများပြားလာပြီး
ကိုယ်ကျင့်တရားပျက်ယွင်းသူတွေ လက်တွေ့ 
ပျက်စီးတဲ့ခေတ်မို့ ပဲ

ဗုဒ္ဓက

ခေတ်ဆိုး ခေတ်ပျက်ချိန်မှာ
တသံသရာလုံးက မကောင်းမှု့တွေ
ဝင်ရောက်အကျိုးပေးတတ်တယ် တဲ့

နေ့ မြင် ညပျောက်

ခုသူဌေးကြီး မနက်ဖန် ဆင်းရဲသား

ရန်သူမျိုးငါးပါး အကျိုးပေးတဲ့ခေတ်

ကောင်းတာကို မကောင်းတာလို့ မြင်ပြီး
မကောင်းတာကို ကောင်းတာ လို့ မြင်တဲ့ခေတ်

ကဲ

ပျက်စီးမှု့ထဲ မပါချင်ရင်တော့

ရတနာသုံးပါးကို မစော်ကားကြနဲ့ 

ဘုရား တရားအလုပ်ကို
အရင်ကထက်ပိုပြီး လုပ်ကြ

လူ့ ဘဝ ရဖို့ လွယ်တာ မဟုတ်ဘူး

လိမ္မာကြပါလို့ 
သတိပေးချင်တယ်

သဘာဝဘေးအန္တရယ်တွေ
ဒီလောက် ကျရောက်နေတာတောင်
သံဝေဂ မယူတတ်ဘူး ဆိုရင်တော့

သိတယ်နော် - - - - -

share

No comments:

Post a Comment