Thursday, April 21, 2016

တနိုင်ငံတည်း မကြည့်နဲ့ 

တနိုင်ငံတည်း မကြည့်နဲ့ 
--------------------------

မြန်မာနိုင်ငံက သူဋ္ဌေးကြီးတွေ စီးပွားရေးကိုလည်းရှာတာလည်းရှာပေါ့ ဒါပေမဲ့
ဥရောပက ဘီလျှံနာကြီးတွေ မြန်မာနိုင်ငံက
ရိပ်သာတွေကို လာပြီးတရားအားထုတ်ကြတာ
တနှစ်တနှစ်ကို ထောင်ချီရှိတယ်ဆိုတာလည်း
မမေ့နဲ့ ပေါ့

နိုင်ငံကျော် မင်းသား မင်းသမီးတွေ နာမည်ကြီး
အောင်ကြိုးစားတာလည်း ကြိုးစားပေါ့
ဒေးဗစ်ဘက်ခမ်းတို့ နာဒယ်တို့  တိုက်ဂါးဝုဒ်တို့ 
အိန်ဂျလီနာဂျိုးလီတို့  ဝိပဿနာ တရားတေိာတွေ
ထိုင်နေကြပြီဆိုတာလည်း မမေ့နဲ့ ပေါ့

ဦးဦး ဗိုလ်ချုပ်ကြီးတွေ စစ်သားကြီးတွေ တာဝန်
ထမ်းဆောင်တာလည်း ထမ်းဆောင်ပေါ့
ရေတပ်ဗိုလ်ချုပ်ကြီး ရှပ်တော့တို့  နေတိုးစစ်သား
ကြီးတွေဟာ အာဖဂန်နစ္စတန်ဒေသမှာ စစ်တိုက်
နေယင်းနဲ့ တောင် ဝိပဿနာတရားတွေ ထိုင်နေ
ကြပြီဆိုတာလည်း မမေ့နဲ့ ပေါ့

ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး
တွေလည်း တာဝန်ကတော့ တာဝန်ပေါ့
ဂျာမဏီ ဝန်ကြီးချုပ် ၁၄ နှစ်တာဝန်ထမ်းဆောင်ဖူး
သူတောင် သာသနာ့ဘောင်ကို ဝင်သွားတယ်
ဆိုတာလည်း မမေ့နဲ့ ပေါ့

နည်းပညာရှင်ကြီးတွေလည်း နည်းပညာရှာဖွေတာလည်း ရှာဖွေတာပေါ့
ဒုံးပျံနဲ့ ပုဂံပြားပျံ တီထွင်ခဲ့တဲ့ မစ္စတာ ရောဘတ်
ဟိုးမားဟာ အမေရိကန်နဲ့ ကနေဒါ မှာ ယောဂီတွေကို တရားပြဆရာလုပ်နေတယ်
နာဆာကလည်း အခု ပိဋကတ်တော်တွေကို
လေ့လာပြီး ဗုဒ္ဓတရားတော်တွေနဲ့  သူတို့ မသိတာ
တွေကို ချိန်ထိုးပြီး လေ့လာနေကြပြီ

ရုပ်ဝတ္တုတခုတည်းနောက်ကို လိုက်မနေကြနဲ့ 
ဟော့ကင်းတောင် ဟိုတလောက ဗုဒ္ဓဘာသာဝင်
အဖြစ်ခံယူပြီး apple ဥက္ကဋ္ဌကလည်း သူနည်းပညာတွေဖေါ်ထုတ်နိုင်တာဟာ
ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်ကြံပြီး
သမာဓိအားအစွမ်းနဲ့ စိတ်ငြိမ်အောင် လုပ်ပြီးမှ
ရှာဖွေဖေါ်ထုတ်နိုင်တာပါ ဆိုတာ ဝန်ခံခဲ့ဘူးတယ်

ကိုယ့်ကိုကိုယ် အောင်မြင်တယ်ဆိုပြီး
ချမ်းသာတယ်ဆိုပြီး
ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးတယ်ဆိုပြီး
သာယာနေကြမှာ စိုးလို့ 

စေတနာနဲ့  ပြောတာပါနော်

share

No comments:

Post a Comment