စိတ်ဆိုးလို့  အော်ပစ်လိုက်တယ်
----------------------------------------------
အိမ်မက်တခုမက်တယ် အိမ်မက်ထဲမှာ
အိုင်းစတိုင်း နယူတန် အိုဘားမားနဲ့ 
ပုတ်ရဟန်းမင်းကြီး တို့ နဲ့ တွေ့ တယ်
အိုဘားမားကပြောတယ်
ငါနဲ့ နေရာချင်းလဲမလား တဲ့
မလဲဘူးလို့ ပြောလိုက်တယ် မင်းက
အရက်သောက်တယ် သရဏဂုံမတည်ဘူး
ငါက ငါးပါးသီလလုံတယ် သရဏဂုံတည်တယ် ဒါ့ကြောင့် မင်းဘဝ
ထက် ငါ့ဘဝကိုပဲ တန်ဘိုးထားတယ်
လို့ ပြန်ပြောလိုက်တယ်
အိုင်းစတိုင်းက ထပ်ပြောတယ်
ငါက အနုမြူကို ရှာဖွေနိုင်တဲ့ သိပ္ပံပညာ
ရှင်ကြီးတဲ့ ငါနဲ့ နေရာချင်းလဲမလားတဲ့
မလဲဘူးလို့  မင်းကအနူမြူပဲရှာနိုင်တာ
ငါက အနုမြူထက် ၃၆ ဆသေးငယ်တဲ့
ပရမာဏုမြူအကြောင်းကို သိထားတယ်
လို့ ပြန်ပြောလိုက်တယ်
နယူတန်ကလည်း ငါက ကမ္ဘာကြီးရဲ့
ဆွဲအားကိုဖေါ်ထုတ်ပေးတဲ့သူတဲ့ ငါနဲ့ 
နေရာခြင်း လဲမလားတဲ့
မလဲဘူးလို့ ပြောလိုက်တယ်
မင်းက ကမ္ဘာကြီးရဲ့ဆွဲအားပဲရှာနိုင်တာ
ငါက ကာမဂုဏ်ရဲ့ ဆွဲအား ဘယ်လောက်
ထိပြင်းထန်တယ်ဆိုတာကိုသိတယ်
ကမ္ဘာကြီးရဲ့ဆွဲအားထက် ကာမဂုဏ်အာရုံ
ရဲ့ဆွဲအားကိုသိဖို့ ကပိုအရေးကြီးတယ်
လို့ ပြောလိုက်တယ်
ပုတ်ရမင်းကြီးကလည်း ငါက တကမ္ဘာလုံး
ကလေးစားရတဲ့ ဘာသာရေးခေါင်းဆောင်တဲ့ လဲမလားတဲံ့
မလဲဘူးလို့ ပဲပြောလိုက်တယ်
အင်အားနည်းတာများတာက အဓိကမကျဘူး သမ္မာဒိဋ္ဌိနဲ့  မိစ္ဆာဒိဋ္ဌိမှာ
သမ္မာဒိဋ္ဌိဖြစ်ဖို့ သာ အဓိက ကျတာ
ဒါ့ကြောင့်မလဲနိုင်ဘူးလို့ ပြောလိုက်တယ်
ကမ္ဘာကျော်ကြီးတွေတယောက်ပြီး
တယောက်လာနေတာနဲ့ 
အော်ပစ်လိုက်တယ်
ငါဗုဒ္ဓဘာသာဖြစ်နေသ၍တော့
မင်တို့ ဘဝနဲ့ မလဲနိုင်ဘူး ဟေ့ လို့ 
share်
No comments:
Post a Comment