"တော်ပါပီ" ဘယ်သူ့ကိုမှ မယုံတော့ဘူးလို့
ပြောခဲ့ဖူးသူတွေဟာ
တစ်ချိန်တုန်းက လူတစ်ယောက်ကို သိပ်ကိုယုံကြည်ခဲ့ဖူးကြတယ်
"တော်ပါပီ" အချစ်ဆိုတာ အလကားပါလို့
ပြောခဲ့ဖူးသူတွေဟာ
တစ်ချိန်တုန်းက အချစ်ဆိုတာကို
လေးလေးနက်နက် တန်ဖိုးထားဖူးကြတယ်
"တော်ပါပီ" မချစ်ရဲတော့ဘူးလို့
ပြောခဲ့ဖူးသူတွေဟာ
တစ်ချိန်တုန်းက လူတစ်ယောက်ကို
သိပ်ကိုချစ်ခဲ့ဖူးကြတယ်
"တော်ပါပီ" တစ်ယောက်တည်းလဲ ပျော်ပါတယ်လို့
ပြောခဲ့ဖူးသူတွေဟာ
တစ်ချိန်တုန်းက လူတစ်ယောက်အပေါ်မှာ သူ့ပျော်ရွှင်မှုတွေကို ပုံအပ်ထားဖူးကြတယ်
"တော်ပါပီ" ဘယ်အရာကိုမှ အများကြီးမမျှော်လင့်တော့ဘူးလို့
ပြောခဲ့ဖူးသူတွေဟာ
တစ်ချိန်တုန်းက လူတစ်ယောက်အပေါ်မှာ
မျှော်လင့်ချက်အကြီးကြီးတွေ ထားခဲ့ဖူးကြတယ်
လူတစ်ယောက်ဟာ ဘဝမှာ"တော်ပါပီ"ဆိုတဲ့စကားကို အကြိမ်ကြိမ် သုံးခဲ့ဖူးကြမှာပါ
တကယ်တော့ သူမလိုချင်လို့ပြောတာ မဟုတ်ပါဘူး
ရရှိလာမယ့် ဘေးထွက်ဆိုးကျိုးတွေက
နှလုံးသားကို ဒဏ်ရာရစေဖို့ သေချာနေမှန်း သူသိနေလို့ပါ........
#Admin_Venus
No comments:
Post a Comment