[ သိမ်လှူ ခြင်းကြောင့် ရနိုင်သော အကျိုး(4)ပါး ]
…………………………………………………………
(1) မိမိတို့ လှူ ဒါန်းလိုက်တဲ့ သိမ်ပေါ်မှာ ရဟန်း
တော်တွေ အဓိသီလ သိက္ခာတွေကို ခံယူသွား
သလို မိမိတို့ လည်းပဲ ဖြစ်လေရာ ဘဝတွေမှာ
ဘုရားသာသနာတော်နဲ့ ဆုံတွေ့ ပြီး သာသနာတွင်း
မှာသာ တည်ရှိနိုင်တဲ့ အမြင့်ဆုးံ အဓိသီလသိက္ခာ
တွေကို စင်ကြယ်စွာ ကျင့်သုးံနိုင်ခြင်း ဆိုတဲ့ အကျိုး
တရားကို ရရှိကြလိမ့်မယ်။
(2) ရဟန်းတော်များဟာ ညစ်နွမ်းကျိုးပေါက်နေ
တဲ့ သီလတွေကို မိမိတို့ လှူဒါန်းထားတဲ့ သိမ်
ပေါ်မှာ တည်ပြီးတော့ စင်ကြယ်အောင် ဆေး
ကြောလို့  သီလတွေ သန့် ရှင်းစင်ကြယ်
သွားသလို မိမိတို့ လည်းပဲ ဖြစ်လေရာ ဘဝတွေမှာ
သီလပျက်စီးခြင်း သီလဝိပတ္တိဘေးမှ ကင်းဝေးရ
ခြင်း ဆိုတဲ့ အကျိုးကို ဧကန်ရှိကြလိမ့်မယ်။
(3) ဒီသိမ်ပေါ်မှာ တည်ပြီးတော့ ညစ်နွမ်းနေတဲ့
သီလကို ဆေးကြောသုတ်သင် စင်ကြယ်
သွားကြတဲ့ ရဟန်းတော်များဟာ
သဂ္ဂန္တရာယ် မဂ္ဂ န္တရာယ် တို့ မှ ကင်းဝေးကြရ
သလို အလှူ ရှင်များ ကလည်း ဖြစ်လေရာရာ
ဘဝတွေမှာ သဂ္ဂ န္တရာယ် မဂ္ဂ န္တရာယ်တို့ နှင့်
မတွေ့ ကြုံရပဲ အပါယ်ဝဋ်ဘေးမှ ကင်းဝေးရခြင်း
ဆိုတဲ့ အကျိုးကို ဧကန်မုချ ရှိကြလိမ့်မယ်။
(4) မိမိတို့ လှူ ဒါန်းထားတဲ့ သိမ်ဟာ မဟာပထဝီ
မြေကို ဖေါက်လျက် တည်ရှိပြီး ဘယ်သူမှ
မဖျက်ဆီး နိုင်သလို မိမိတို့ လည်းပဲ
ဖြစ်လေရာ ဘဝတွေမှာ မိမိတို့ ပိုင်ဆိုင်ထားတဲ့
ပစ္စည်းဥစ္စာတွေကို ဘယ်သူမှ မဖျက်ဆီးနိုင်ခြင်း
ဆိုတဲ့ အကျိုးတရားကို ဧကန်မုချ ရှိကြလိမ့်မယ်။
Credit. . . Ulay
10*4*2016® Ulay
No comments:
Post a Comment