ရုပ်ချောစရာမလိုဘူး
လှပတဲ့နေရက်တွေကို နင်ဖန်တီးပေးပါ
ချမ်းသာစရာမလိုဘူး
ငါ့ကိုပျော်ရွှင်အောင်ထားပေးပါ
ကားစီးနိုင်စရာမလိုဘူး
နင်သွားတဲ့နေရာတိုင်း ငါ့ကိုခေါ်သွားပေးပါ
ဆိုင်ကောင်းကောင်းထိုင်နိုင်ဖို့မလိုဘူး
နင်နဲ့အတူတူ ထမင်းလက်စုံစားရရင်ကျေနပ်ပီ
ကမ္ဘာပတ်ပီးအပျော်ခရီးလိုက်ပို့နိုင်ဖို့မလိုဘူး
နင့်ရင်ခွင်ထဲမှာ အခြားတစ်ယောက်
အစားမထိုးရင်ရပီ
(နင်ဟာငါ့ကမ္ဘာဖြစ်နေလို့)
နင့်သူငယ်ချင်းတွေရှေ့မှာ ငါဟာနင့်ချစ်သူပါလို့
ကြွားဝါပြစရာမလိုဘူး
မနက်မိုးလင်းတိုင် မောနီး အာဘွားဆိုတဲ့
စကားလေးတစ်ခွန်းနဲ့ လုံလောက်ပီ
နင်ငါ့ကိုချစ်တယ်လို့တဖွဖွပြောစရာမလိုဘူး
ငါ့ကိုသစ္စာရှိရှိ ချစ်နေပေးပါ
နင်ငါ့ကို ဘယ်လောက်ထိချစ်လည်းဆိုတာငါသိတယ်
ငါလည်းနင့်ကိုအရမ်းချစ်တယ်
Credit to Original Writer n Uploader
No comments:
Post a Comment