မောင်
ရွေးချယ်စရာ မရှိလို့
မောင့်အနားမှာ ကျွန်မ
တွယ်ကပ်နေတာ မဟုတ်ဘူးနော်
ရွေးချယ်စရာတွေများစွာထဲက
မောင့်တစ်ယောက်ကို
ကျွန်မ ရွေးချယ်ခဲ့တာ…
မောင်
မောင့်ကို ဉီးနောက်နဲ့ တွက်ချက်ပြီးမှ
မောင့် အချစ်ကို လက်ခံခဲ့တာမဟုတ်ဘူးနော်
ကျွန်မ နှလုံးသားရဲ့
အချစ်တွေ အားလုံးက မောင့်တစ်ယောက်ထဲအတွက်
ဖြစ်တည်နေခဲ့လို့
မောင့်အချစ်ကို လက်ခံခဲ့တာ…
မောင်
မာန မရှိတဲ့ မိန်းမ တစ်ယောက်မို့
မောင် ပြောသမျှကို နားထောင်
မောင် မကြိုက်တာကို ဆင်ခြင်နေခဲ့တာ မဟုတ်ဘူးနော်
စိတ်မချခြင်း ဆိုတဲ့ အရာက
တကယ် ကို စိတ်ပင်ပန်းစရာကောင်းလို့
မောင် စိတ်ချမ်းသာအောင် နေနေပေးခဲ့တာ…
မောင်
သိပ်ကို နားလည်ပေးနိုင်လွန်းလို့
မောင် ပြောသမျှ အကြောင်းပြချက်တွေကို
ယုံကြည်ပြီး ထွက်သွားခွင့်ပေးလိုက်တာ မဟုတ်ဘူးနော်
ကျွန်မ ကို မချစ်တော့သော မောင်တစ်ယောက်
ပျော်ပါစေ ဆိုတဲ့ စိတ် တစ်ခုထဲနဲ့
မောင် ရဲ့ အဝေးဆုံး မှာ ကျွန်မ နေနေပေးခဲ့တာ…
#JuJu#
No comments:
Post a Comment