အ ဖေ တွေ ရဲ့ ရင် တွင်း စကား
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီစာလေးကိုဖတ်မိတော့ ၀မ်းနည်းမိတယ် ... အမှန်ပါပဲဖုန်းဆက်လိုက်တိုင်း ဖေဖေကိုင်ခဲ့ရင် ``ဖေဖေ မေမေရော မေမေနဲ့ပြောမယ်မေမေ့ကိုခေါ်ပေး´´လို့ပဲ
အမြဲမေးခဲ့တာ။
အဲ့လိုမေးတိုင်း နင့်တို့မေရှိတယ်ဆိုပြီးစိတ်တိုသံနဲ့ ဖေဖေပြန်ဖြေတိုင်းနားမလည်ခဲ့ဘူး ...
ဖေဖေကလဲ သားအမိချင်း စကားပြောမှာတောင် အလကားစိတ်တိုနေတယ်လို့ထင်ခဲ့မိတာ အကြိမ်ကြိမ်ပါ ။
အခုတော့ ဒီစာလေးဖတ်ရင်း နားလည်ခဲ့ပြီနောက်ဆို အမြဲ သတိထားပါ့မယ် အဖေ .....။
-------------------------------------------------------
အ ဖေ တွေ ရဲ့ ရင် တွင်း စကား
“သားသမီးတွေအိမ်ပြန်လာတိုင်းကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်…….သူ့အမေကိုမမြင်တော့..အ မေ ရောလို့မေးကြတယ်…။
သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြ တော့ .. အ ဖေ ရောလို့မမေးကြဘူး….. ကျုပ်ခံစားရတယ်ဗျာ……..။”
သားသမီးတွေရဲ့ပါးစပ်ထဲကိုထမင်းခွံ့ကျွေးတဲ့အမေ….
ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ…..
မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့အမေ…..
သူတို့အမေကိုတော့ သားသမီးတွေက ချစ်လိုက်ကြတာ……
အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်ဘယ်လောက်အထိသူတို့ကွယ် ရာမှာအလုပ်လုပ်နေရတယ်ဆိုတာသူတို့မတွေးမိဘူးဗျ……။
“သရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့သား သမီးတွေက ကျေးဇူးတင်လိုက်ကြတာချစ်လိုက်ကြတာ……။
ဒီသရက်ပင် ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာအအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့ကျုပ်တို့လိုဖခင်တွေရဲ့နှလုံးသားကိုတော့နားမလည်ကြဘူး…မမြင်ကြဘူး………။
“သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင် လွယ်ကြတာပါဗျာ….
ကျုပ်တို့လိုဖခင်တွေရဲ့ချွေးဖိုးကိုတော့တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ….တစ်သက်လုံးစို့နေတဲ့ချွေးကိုနို့လောက်မချိုမြိန်ဘူးလို့ထင် တတ်ကြတယ်ဗျ……………။”
“ထီးမိုးပေးတဲ့မေ့မေ့ရဲ့မေတ္တာကိုတော့ချက်ချင်းသိတတ်လိုက်ကြတာ….
လုံခြုံနွေးထွေးတဲ့ဘ၀ကိုဖန်တီးပေးနေတဲ့ဖခင် တစ်ယောက် ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ….မမြင်ကြဘူးဗျာ…………….။”
“သားသမီးတွေက..သောက်ရေအိုးထဲက ရေအေးအေးကိုခပ်ပြီးတိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်…..
အဲဒီသောက်ရေအိုးကိုရေအပြည့်ဖြည့်ပေးထားတာကျုပ်တို့အဖေတွေပါဗျာ……
“ပန်းပန်ပေးတဲ့မိခင် ရဲ့အချစ်ကိုသာခံစားတတ်ကြတာပါ….
ပန်းပင် ကိုပျိုးပြီးပန်းကလေးတွေပွင့်လာအောင်ရေ လောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့ လိုဖခင်တွေရဲ့အချစ်ကိုတော့သူတို့လေးတွေမခံစားတတ်ကြပါဘူး…..သိစေချင်တယ်ဗျာ…………..။”
“မိကောင်းဖခင် ဆိုတဲ့စကားကိုအိမ်ကမိန်းမတွေ သဘောပေါက်သင့်တယ်…မြန်မာစကားကအဓိပ္ပါယ်လေးနက်တယ်ဗျ……..။ မိကောင်းဖခင် ဆိုတာ….. အမိကောင်းမှအဖကိုခင် တယ်..လို့ဆိုလိုတာဗျ…….အဖကိုမခင် တွယ်တဲ့ သားသမီးဖြစ်နေရင် အဲဒီသားသမီးရဲ့မိခင်မကောင်းလို့ပဲလို့လဲ မပြောချင်ပါဘူး……..။
ဦးဘုန်း(ဓါတု)
ဒီစာကိုရေးသား Facebook တွင် ထပ်ဆင့်မျှဝေသူအားလုံးကို ခရက်ဒစ်ပေးပါသည်
No comments:
Post a Comment