Wednesday, April 20, 2016

လုပ်ပေးချင်တာပေါ့

လုပ်ပေးချင်တာပေါ့
မနက်တိုင်းဖုန်းဆက်ပြီး နှိုးတာမျိုး :-*
ဒါပေမဲ့
ကိုယ့်ဘာသာကိုယ်တောင် PT နောက်မကျအောင်
အမြဲလုပ်နေရတာ***

လုပ်ပေးချင်တာပေါ့
ကျောင်းအတူတူသွားဖို့ ခေါ်တာမျိုး :-*
ဒါပေမဲ့
ငါကကျောင်းကို ဆိုင်ကယ်နဲ့သွားတာမှမဟုတ်တာ
စစ်တီးဝိုင်း နဲ့စစ်သီချင်းဆို သွားရတာလေ***

လုပ်ပေးချင်တာပေါ့
မနက်စာစားတာကအစ ဂရုစိုက်ပေးတာမျိုး :-*
ဒါပေမဲ့
ကိုယ့်သာသာကိုယ်တောင် တန်းစီနောက်မကျအောင်
အီကြာကွေး အချောင်းလိုက်မျိုပြီး ကြက်ဥ အလုံးလိုက်မျိုချနေရတာကို***

လုပ်ပေးချင်တာပေါ့
နေ့လည်စာကို အပူအစပ်တွေ အရမ်းမစားနဲ့လို့ပြောတာမျိုး :-*
ဒါပေမဲ့
ငါတောင် ငါးပိတုံး အခဲလိုက် ဝါးစားနေရတာ***

လုပ်ပေးချင်တာပေါ့
နင့်လက်ကိုဆွဲပြီး ငါ့ကောင်မလေးလို့
သူငယ်ချင်းတွေကို မိတ်ဆက်ပေးတာမျိုး :-*
ဒါပေမဲ့
လက်တွေ့မှာက သူငယ်ချင်းတွေပုခုံးဖက်ပြီး
ဖားခုန်ခုန်နေရတာပါ**

လုပ်ပေးချင်တာပေါ့
နင်စိတ်ကောက်နေတဲ့အချိန် ချော့ပေးတာမျိုး :-*
ဒါပေမဲ့
အဆောင်ကို ကြမ်းတိုက်နေရလို့
အားမှမအားတာ***

လုပ်ပေးချင်တာပေါ့
တစ်နေကုန်တွေ့ပြီး အိမ်ရောက်ရင်တောင်
လွမ်းလို့ဆိုပြီး ဖုန်းဆက်တာမျိုး :-*
ဒါပေမဲ့
နေတာက စစ်ကျောင်း ထဲမှာ
ဖုန်းကလည်း တရားဝင်မှ ကိုင်ခွင့်မရှိတာကို***

လုပ်ပေးချင်တာပေါ့
လိုင်းသုံးတဲ့အခါ သတိရကြောင်း
Message လေးပို့တာမျိုး :-*
ဒါပေမဲ့
လိုင်းသုံးမယ် ကြံကာရှိသေး
ဖုန်းက အသိမ်းခံလိုက်ရတာကိုး***

လုပ်ပေးချင်တာပေါ့
နင်နဲ့ စကားပြောရင်
Seen တန်းပြတာမျိုး :-*
ဒါပေမဲ့
အသိမ်းခံထားရတဲ့ ဖုန်းကို ငါက ဘယ်လိုတောင်းပြီး
နင့် message ဖတ်ရမလဲ***

လုပ်ပေးချင်တာပေါ့
နင်ဖျားမှာကို ငါဖျားမှာထက် ကြောက်တဲ့ ဂရုစိုက်မှုမျိုး :-*
ဒါပေမဲ့
ငါ့မှာ အဖေမတူအမေကွဲ ညီတွေရှိသေးတယ်လေ***

လုပ်ပေးချင်တာပေါ့
ငါ့ကိုယုံအောင် fb password ကအစပေးထားတာမျိုး :-*
ဒါပေမဲ့
ငါ့ fb မှာ သူငယ်ချင်းတွေအချင်းချင်း ပြောထားတာတွေက နင့်အတွက်မသင့်လျော်လို့ပါ***

လုပ်ပေးချင်တာပေါ့
ညအိပ်ရင် Good night ဆိုပြီး
Ph ဆက်ပြီး ချော့သိပါတာမျိုး :-*
ဒါပေမဲ့
ငါ့မှာက extra ကင်းကျနေတယ်လေ***

လုပ်ပေးချင်တာပေါ့
အဲ့ဒီလိုမျိုး အစစအရာရာ ဂရုစိုက်တာမျိုး :-*
ဒါပေမဲ့
ငါက....#cadet လေ.......#Wana
                                                     #wana..

No comments:

Post a Comment