ကဗျာဆရာရဲ့ ညီမလေး
------------------------------------
ကိုကိုလေးက ကဗျာရေး
ကာရံလှအောင်တွေး - ။
ညီမလေးက ကဟန်ချီ
အချိုးဆစ်ကြပေသည် - ။
လိုက်ဖက်ညီတဲ့မောင်နှမ
စာပေနှင့်ဂီတ - ။
ကဗျာလေးက ကာရံချို
သီချင်းလုပ်လို့ ဆို - ။
ပြုံးချိုချိုနဲ့ ကဟန်နွဲ့ 
လှလည်းလှပါရဲ့ - ။
ချစ်မဝတဲ့အကို့ ရင်မှာ
ပီတိလှိုင်းတွေဖြာ - ။
ကဗျာဆရာရဲ့ ရွှေမင်းသမီး
ကိုကို့ ရှု့ မငြီး - ။
( လမင်းစက္ကူ )
No comments:
Post a Comment