Saturday, April 23, 2016

ကြိုတ်တာယူ တခုပဲရမယ်

ကြိုတ်တာယူ တခုပဲရမယ်
--------------------------

ကမ္ဘာ့လူဦးရေဟာ သန်း ခုနစ်ထောင်ကျော်ရှိပါတယ် အဓိကဘာသာကြီး
လေးခုရှိတယ်

ဟိန္ဒူ ခရစ်ယာမ် အစ္စလာမ် ဘာသာဝင်သုံးခုပေါင်း ငါးထောင်ကျော်ရှိတယ်
ဗုဒ္ဓဘာသာက သန်း ၆၀၀ ကျော်ရှိပေမဲ့ တကယ့်
ထေရဝါဒ စစ်စစ်က သန်း နှစ်ရာလောက်ပဲရှိတယ်

တခုမေးချင်တယ်

အိမ်တအိမ်မှာ အယူမှားနေသူကများပြီး မှန်တဲ့သူကနည်းနည်းပဲရှိရင် အဲဒီအိမ်ဘယ်လို
ဖြစ်နိုင်မလဲ လူဆိုးတွေနဲ့ အတူနေနေရတဲ့
လူကောင်းတွေဟာ ဘယ်လိုဖြစ်မလဲ

ဒီနေ့ ကမ္ဘာကြီးရဲ့ဖြစ်စဉ်က အဲဒီအတိုင်းပဲ

ဗုဒ္ဓတရားတော်တွေကို ထိတွေ့ ခွင့်ရဖို့ က
ဘုန်းကံရှိမှဖြစ်နိုင်တာ ဘုန်းကံရှိတဲ့သူတွေပဲ
ထိတွေ့ ခွင့်ရနိုင်တာ
မြန်မာနိုင်ငံဟာ ဗုဒ္ဓတရားတော်တွေကို
အကောင်းမွန်ဆုံးစောင့်ရှောက်ထားတဲ့နိုင်ငံ
ဖြစ်တယ် ရဟန်းသံဃာ ၅သိန်းကျော်တယ်
တိပိဋက  သစအ အဘိဝံသ လင်္ကာရ စတဲ့
စာတတ်ပေတတ် ရဟန်းသံဃာတော်တွေအပြင်
အနည်းဆုံး ငယ် လတ် ကြီး အောင်မြင်ထား
ကြတဲ့ ရဟန်းသံဃာတော်အများအပြားရှိတယ် တခြားထေရဝါဒ နိုင်ငံတွေမှာ ဒီလိုမရှိဘူး
အနည်းငယ်ပဲရှိတယ်

ကံကောင်းတဲ့လူတွေပဲ ထိတွေ့ ခွင့်ရတဲ့ဘာသာ
ဖြစ်တယ် ကမ္ဘာပေါ်မှာ အယူမှားနေသူတွေများနေ
တဲ့အတွက် သူတို့ ရဲ့အကုသိုလ်ကံတွေကြောင့်
ဗုဒ္ဓဘာသာဟာ ကျယ်ပြန့် အောင် အခွင့်မသာခဲ့
ဘူး မြန်မာနိုင်ငံသာ ကမ္ဘာနဲ့ ရင်ဘောင်တန်း
အောင်ခေတ်မီနိုင်ရင် လူတိုင်းဗုဒ္ဓတရားတော်
တွေကိုထိတွေ့ ခွင့်ရမယ်

အဲဒီလို ကံတွေမပါခဲ့လို့ 
မြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့ ခေါါင်းဆောင်တွေဟာ
လူတော်လူကောင်းတွေ မဖြစ်ကြတာပဲ
လူတော်လူကောင်းတွေရှိလည်း
အကြောင်းအမျိုးမျိုးနဲ့  နေရာမရဘူး
ဒုက္ခရောက်မယ်

လူတော်လူကောင်းတွေမဖြစ်ကြလို့ လည်း
ခေါင်းဆောင်တွေရော ပြည်သူတွေပါ မေတ္တာ
ကရုဏာ မုဒိတာ ဥပေက္ခာတရားတွေ ခေါင်းပါးပြီး
ဖြစ်ချင်တိုင်းဖြစ်နေတာ

ပြည်သူတွေရော ခေါင်းဆောင်တွေပါ သီလပိုင်း
ဆိုင်ရာအားနည်းကြတဲ့အတွက် သူ့ လွဲချ ငါ့လွဲချ နဲ့ ခုလိုတွေပဋိပက္ခတွေဖြစ်နေကြတာ

ဆိုကရေးတီး ပြောသလိုပေါ့ ပြည်သူတွေဟာ
သူနဲ့ တန်ရာ တန်ရာ အစိုးရကိုသာ ရ ရိုးထုံးစံ ရှိတယ်တဲ့  ဒါ အမှန်တရားပဲ

အဲဒီတော့

ကမ္ဘာကြီးကံကောင်းဖို့ အတွက် ဗုဒ္ဓတရားတော်တွေကို တကမ္ဘာလုံးထိတွေ့ ဖို့ 
လိုအပ်တယ် မြန်မာပြည်သူတွေ ကိုယ်ကျင့်တရား
ကောင်းဖို့ လိုအပ်တယ်

ရုပ်ဝတ္တုတိုးတတ်တဲ့နိုင်ငံတွေမှာနေရ ရင်
အဆင့်မြင့်မြင့်နေနိုင်မယ် ဒါပေမဲ့ ဗုဒ္ဓတရားနဲ့ 
ပါတ်သတ်တဲ့ ကုသိုလ်ရေးတွေကတော့
စိတ်ကြိုက်မရ ရှိနိုင်ဘူး

မြန်မာနိုင်ငံမှာ နေရင်တော့ ရုပ်ပိုင်းဆိုင်ရာ
တိုးတတ်မှု့နည်းမယ် စိတ်ဆိုးစရာ မကျေနပ်စရာ
အာရုံများမယ် ဒါပေမဲ့ ဗုဒ္ဓတရားနဲ့ ပါတ်သတ်တဲ့
ကုသိုလ်ယူစရာတွေကတော့ အများကြီးရမယ်

အခြေအနေနဲ့ အချိန်အခါအရ

တခုပဲရမယ်

ကြိုက်ရာကိုရွေး

ဒါက အခုအခြေအနေကိုပြောတာပါ
ဗုဒ္ဓဘာသာဝင်တွေ များပြားလာရင်တော့
သရဏဂုံ ငါးပါးသီလ သမထ ဝိပဿနာ အစွမ်း
တွေနဲ့  ကမ္ဘာကြီးပြန်လည်ငြိမ်းချမ်းလာမှာပါ

အခုအခြေအနေအရတော့

တခုပဲရမယ်

share

No comments:

Post a Comment