Monday, April 11, 2016

အစိုးရသစ်ရဲ့ ရက် ၁၀၀ ဟန်းနီးမွန်းကာလမှာ လုပ်သင့်တဲ့ဆောင်ရွက်ချက်များ(၃)

အစိုးရသစ်ရဲ့ ရက် ၁၀၀ ဟန်းနီးမွန်းကာလမှာ လုပ်သင့်တဲ့ဆောင်ရွက်ချက်များ(၃)

၁။ မိုးမရွာခင်ကာလမှာပြီးခဲ့တဲ့ရေကြီးမှုကြောင့်ကျန်ရှိခဲ့တဲ့ ပြဿနာကိုအမြန်ဆုံးဆောင်ရွက်သင့်တယ်။ ချင်းပြည်နယ်ဖြစ်တဲ့ တောင်ပြိုကျပြီး မြစ်ကြောင်းပိတ်ပြီးဖြစ်သွားတဲ့သဘာဝ ရေကန်မျိုးကိုရေကြောင်းပြန်ရှင်းပေးဖို့ အမြန်ဆုံးဆောင်ရွက်၇မယ် ။ မဟုတ်ရင်မိုးရေကျလာတာနဲ့ ရေကန်အောက်မှာနေထိုင်တဲ့ လူထုအတွက်အသက်အိုးအိမ်အတွက်အန္တရာယ်ရှိတယ်။ ဧရာတီမြစ်ကြောင်း တလျှောက်မှာလည်း မြစ်ကြောင်းပိတ်ဆို့တာ အခြေအနအဆိုးုဆုံးနေရာရှာဖွေပြီးလိုက်ရှင်းပေးရမယ်။ ဒီလိုမလုပ်ရင် မိုးကြီးတာနဲ့ ရေဘေးအန္တရာယ်ပြန်ဖြစ်မှာပဲ။

၂။ ငွေကြေးအကြပ်အတည်းကြိုတင်ကာကွယ်ဖို့ ဘက်ပေါင်းစုံကစီစဉ်ထားရမယ်။ ရေရှည်ကြည့်မယ်ဆိုရင် ဘဏ်တိုးနှုန်းလျှော့ကိုလျှော့ရမယ်။ လျှော့မယ့်အချိန် ဈေးကွက်ကို မထိခိုက်အောင်ဘေးကနေကူညီပေးတဲ့နည်းပေါင်းစုံ ကြိုတင်စီစဉ်ထား၇မယ်။ စီးပွားရေးချက်ချင်းကောင်းမလာပေမယ့် ကောင်းမွန်တဲ့ပေါ်လစီတခုပြီးတခုအရေးကြီးဆုံးကနေစပြီး ပြဌာန်းသွားရမယ်။ ဒီရက် ၁၀၀ ထဲမှာ ဒီလိုမူဝါဒမျိုးမှာ တခုခုလုပ်သွားနိုင်တာက ရေရှည်ဖြစ်လာတဲ့ကောင်းကျိုးများ ကြိုတင်တွက်ထားနိုင်ပါတယ်။ ပြည်သူများနားလည်အောင်လည်း ကြိုတင်ရှင်းပြနိုင်ပါတယ်။

၃။ လွန်ခဲ့တဲ့ ၅ နှစ်မှာထုတ်လုပ်ဘက်ကိုအသာမပေးပဲ နည်းပေါင်းစုံနဲ့အသုံးအဖြုန်းဘက်ကိုအားပေးလိုက်တဲ့ ပေါ်လစီမျိုးကို တဖြည်းဖြည်းပြောင်းလဲပြီး လုပ်ငန်းတွက်ခြေကိုက်အောင် လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်လုံလောက်ရေး ၊ ထုတ်လုပ်မှုပေါ် အကောက်အခွန်လျှော့ပေါ့ရေး နည်းလမ်းများသုံးပြီး လုပ်ငန်းအားပေးတာ အလုပ်အခွင့်အရေးဖန်တီးတဲ့ပေါ်လစီမျိုး ပြဌာန်းမယ်ဆိုရင်အဖြေချက်ချင်းမရပေမယ့် လူထုရဲ့ထောက်ခံမှု ဆက်လက်ရရှိနိုင်ပါတယ်။

No comments:

Post a Comment