Sunday, April 17, 2016

အားသွားလို့လား

###အားသွားလို့လား?

သူငယ်ချင်း … …
မင်းငါဆုံခိုက်    ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး   နောက်မှကွယ် ။
ဥပုတ်နေ့၌        ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား  မင်းပြောကြားခဲ့
မအားသေးဘူး    နောက်မှကွယ် ။
ဆိတ်ငြိမ်နေရာ   အေးရိပ်သာဝယ်
အာနာပါန         ရသမျှကို
သွင်းပရှုရှိုက်      အတူလိုက်ဖို့
ငါတိုက်တွန်းငြား  မင်းပြောကြားခဲ့
မအားသေးဘူး    နောက်မှကွယ် ။
ဟိုတစ်နေ့က      မအားနေရင်း
သူငယ်ချင်းဟာ   သေမင်းခေါ်ရာ
မငြင်းသာဘဲ      လိုက်ပါသွားရရှာလေပြီ ။
ကိုယ်ခေါ်စဉ်က   ငြင်းလို့ရလည်း
ခုမှမငြင်း          လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား    ဆိုမိငြားသည်
အားသွားလို့လား  သူငယ်ချင်း … …။

***အမည်မသိ စာဆိုရှင်

No comments:

Post a Comment