သာသနာပြုတယ် ဆိုတာ....
❀ သာသနာပြုတယ်ဆိုတဲ့အဓိပ္ပါယ်က
ကိုယ်တိုင်က သဒ္ဓါတရားရှိတယ်၊
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုထဲ
သဒ္ဓါတရားမရှိသေးဘူးဆိုရင်
သဒ္ဓါတရားရှိအောင် လုပ်ပေးတာ၊
ဒါ သာသနာပြုတာပဲ။
ဒီ့ထက်ကောင်းတဲ့သာသနာပြု ဘယ်ရှိမလဲနော်။
❀ လှူတာတန်းတာရော
သာသနာပြု မခေါ်နိုင်ဘူးလားဆိုရင်
အထောက်အကူပြုတယ်လို့ပဲ ပြောရမယ်၊
တိုက်ရိုက် သာသနာပြုတော့ မဟုတ်ဘူး။
❀ တိုက်ရိုက်သာသနာပြုတယ်ဆိုတာကတော့
ကိုယ့်မှာ သီလရှိသလို သူများကို သီလရှိအောင်
ကိုယ့်မှာ သဒ္ဓါတရားရှ်ိသလို သူများကို
သဒ္ဓါတရားရှိအောင်၊ ကိုယ့်မှာ ပညာရှိရင်
သူများကို ပညာရှိအောင် ....
ဒီလိုပြုတဲ့ ပုဂ္ဂိုလ်ကမှ တိုက်ရိုက်သာသနာပြုတာ။
ကျန်တဲ့ လှူတာတန်းတာ..
ထောက်ပံ့တာတွေကတော့
သွယ်ဝိုက်ပြီးတော့ သာသနာပြုတယ်လို့
ပြောရမယ်။
❀ အဲဒီတော့ အမြဲတမ်းပဲ
သွယ်ဝိုက်ပြီးတော့ မနေကြနဲ့နော်၊
တိုက်ရိုက်သာသနာပြုဖို့လည်းလုပ်ပေါ့။
လူတွေက များသောအားဖြင့် တယ်ပြီးတော့
ဝေ့လည်ကြောင်ပတ်လုပ်တာ များတယ်လေ၊
ဝေ့နေ၊ ဝေ့နေလို့ သံသရာထဲက ထွက်ကို
မထွက်နိုင်တာ၊ အဲဒီတော့ သံသရာထဲက
ထွက်နိုင်အောင် တိုက်ရိုက်ကြိုးစား
သင့်တယ်ပေါ့။ ..
ကိုယ့်သန္တာန်မှာ သာသနာတည်အောင်
သူများသန္တာန်မှာလည်း သာသနာတည်အောင်
ကြိုးစားသင့်တယ်၊ အဲဒီလို ကြိုးစားနိုင်မှုဟာ
အင်မတန်မှ ကျေနပ်စရာဖြစ်လာတယ်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ ဓမ္မအသိဉာဏ်၊ ရင့်သန်တိုးပွား၊ အကျိုးများနိုင်ကြပါစေ။
Dhamma Knowledge မှ။
No comments:
Post a Comment