* ပန်းသီး အခွံ မစားနဲ့  နော် *
(ခု မှသိတဲ့ လက်တွေ့ ပါ )
*-*-*-*-*-*-*-*-*-*-*-*-*-*
သိပြီးသူတွေ ရှိနေမှာပါ ကျနော်ကတော့ မနေကမှ လက်တွေ့ သိလိုက်ရတာ မသိသေးသူတွေအတွက် ပေါ့ နော် - -
` အကို မီးခြစ် ခဏလောက်´ ငှားလာသော လုပ်ဖေါ် ကိုင်ဖက် ကြောခြင်းကပ်ထိုင်သူ ဖီဖီ၏ အသံကြောင့် နောက်သို့လှည့်ကာ မီးခြစ်ကို ထုပ်ပေးလိုက်သည် - ချောပြောင်နေသော ပန်းသီးကို ဓါးဖြင့် ခြစ်နေသည်- ဓါးသွားမှာ အဖြူမှုန့်များ တိုးတိုးကပ်လာတာ တွေ့နေရတယ် ပန်းသီးကို လေးပုံ တစ်ပုံလောက် ခြစ်ပြီးတဲ့အခါ ခြစ်ထားသောနေရာတွေ ပြောင်မနေတော့ပါ -
အဖြူမှုန့်တွေ ကပ်နေသော ဓါးသွားကို မီးခြစ်ခြစ်ကာ မီးရှို့လိုက်တဲ့အခါ အဖြူမှုန့်တွေ အရည်ပျော်သွားတယ် ဖယောင်းညှော်နံ့  ထွက်လာတယ် ၄င်းအရည်ကို လက်နှင့်တို့ကြည့်ရာ အေးခဲသွားသည်မို့  ဖယောင်းတွေ သေချာသွားတာ မျက်မြင်တွေ့ လိုက်ရပါတယ် - - -
ဖီဖီနှင့် အနီးရှိ လုပ်ဖေါ်ကိုင်ဖက် ကြည့်နေသူ
၃ ဦးလောက် ပြောလာကြသည်မှာ - -
သစ်သီးတွေ ကို ဖယောင်းစိမ်ရင် ချောပြောင်နေလို့  ရောင်းပန်းလှတယ် တစ်လလောက် မပုတ်မသိုး အထားခံတယ် ဒါ့ကြောင့် ဖယောင်းစိမ်ကြတာ
ပါတဲ့ လေ - ပန်းသီးအခွံက ဆေးဖက်ဝင်တယ်
ကင်ဆာမဖြစ်ဘူးလို့ သိထားပြီး အခွံမနွှာဘဲ စားနေကြသူတွေကို ပြေးပြီး မြင်ယောင် မိသွားလို့ ဒီအကြောင်းလေး မျှဝေ လိုက်ရတာပါ ခင်ဗျာ -
* ချစ်မိတ်ဆွေများအားလုံး ဘေးဘယာ ဝေးကွာ
ကျန်းမာ ချမ်းသာ ကြပါစေ ခင်ဗျာ ~
တစ်ဆင့် ကူးယူ မျှဝေခြင်း။
No comments:
Post a Comment