Sunday, April 10, 2016

အစ္စလာမ်အရ အသက် ၆ နှစ် အရွယ် ကလေးများပင် လက်ထပ်နိုင်သည်ဟု တူရကီ ဖောင်ဒေးရှင်းတစ်ခု၏ ဥက္ကဌ ပြောကြား

အစ္စလာမ်အရ အသက် ၆ နှစ် အရွယ် ကလေးများပင် လက်ထပ်နိုင်သည်ဟု တူရကီ ဖောင်ဒေးရှင်းတစ်ခု၏ ဥက္ကဌ ပြောကြား

ဇန်နဝါရီ ၁၄၊ ၂၀၁၅

တူရကီရှိ ဖောင်ဒေးရှင်းတစ်ခု၏ ဥက္ကဌဖြစ်သူက အသက် ၆ နှစ်အရွယ်ကလေးငယ်များပင်လျှင် ကလေးငယ်ချင်းချင်း သို့မဟုတ် အရွယ်ရောက်ပြီးသူများကို လက်ထပ်နိုင်သည်ဟု မှတ်ချက်ပေးပြောကြားခဲ့သည်။

မိသားစုရေးရာများနှင့် ပညာရေးဆိုင်ရာအကြောင်းအရာများကို အဓိကထားဖြေရှင်းသည့် Social Fabric Foundation မှ နူရဒ်ဒင် ယီဒစ်မှ အစ္စလာမ်အရ လက်ထပ်ခြင်း၌ အသက်အရွယ်ကန့်သတ်ထားမှုမရှိဟု ဇန်နဝါရီ ၁ နေ့က တိုက်ရိုက်အသံလွှင့်မှုတစ်ခု၌ ပြောကြားခဲ့သည်။

"ကလေးငယ်တွေ အပျိုဖော်မဝင်မီမှာပဲ လက်ထပ်နိုင်ပါတယ်။ ကလေးချင်းချင်း လက်ထပ်လို့ရတယ်။ ကလေးနှင့်လူကြီး လက်ထပ်လို့ရတယ်။ ဥပမာ - ၇ နှစ်သမီး နှင့် ၂၅ နှစ်သား လက်ထပ်လို့ရတယ်။ ထို့အတူ ၇ နှစ်သား နှင့် ၂၅ နှစ်သမီးလည်း လက်ထပ်လို့ရတယ်။ လက်ထပ်ခြင်းနှင့် ပတ်သက်လို့ အဆင်မပြေစေတဲ့ တားဆီးပိတ်ပင်ထားတာမျိုး မရှိဘူး" ဟု ယီဒစ်မှ ပြောကြားခဲ့သည်။

"ကုရ်အာန်ကို ယုံကြည်တဲ့ မူဆလင်များအတွက်ကတော့ လက်ထပ်ခြင်းအတွက် အသက်အရွယ်ကန့်သတ်တယ်ဆိုတာမျိုး မရှိပါဘူး။ အသက် ၁၀ နှစ်မှာ လက်ထပ်သည်ဖြစ်စေ၊ ၇ နှစ်မှာ လက်ထပ်သည်ဖြစ်စေ၊ ၆ နှစ်မှာ လက်ထပ်သည်ဖြစ်စေ ဘာမှ အတားအဆီးမရှိပါဘူး" ဟု ၎င်းမှ ဖြည့်စွက် ပြောကြားခဲ့သည်။

တရားဝင်စာရင်းဇယားများအရ ပြီးခဲ့သည့်လေးနှစ်အတွင်း တူရကီ၌ ကလေးငယ်များလက်ထပ်မှု ၁၈၁ မှု ရှိခဲ့သည်။ ထိုအထဲတွင် မိဘများမှ ရှိရင်းစွဲအသက်ထက်ကြီး၍ စာရွက်ပေါ်၌ လိမ်လည်ဖော်ပြထားသော လက်ထပ်မှုများကို ထည့်တွက်ခြင်းမရှိပေ။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်း၌ပင်လျှင် အသက် ၁၅ နှစ် နှင့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်များက ကလေး ၂၀၃၇၄ ယောက်ကို မွေးဖွားခဲ့ကြသည်။

တူရကီ ဒုတိယဝန်ကြီးချုပ် ဘူလန့်အာရင့်မှ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အမျိုးသမီးများ လူအများရှေ့တွင် မရယ်သင့်ဟု ဆိုခဲ့သည်။ သမ္မတ ရီဆပ် တေးယစ်ပ် အာဒိုဂန်မှလည်း အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေးမရှိဟု ဆိုခဲ့ပြီး ကလေးမွေးဖွားမှုထိန်းချုပ်ခြင်းကို "သစ္စာဖောက်မှု" ဟု ရှုတ်ချခဲ့သည်။

လတ်တလောလေးတွင်ပင် တူရကီ ကျန်းမာရေးဝန်ကြီး မာမက် မူဇင်နိုဂလူမှ မိခင်ဘဝဆိုသည်မှာ အသက်မွေးဝမ်းကျောင်းမှုတစ်ခုပင်ဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ပြီး အမျိုးသမီးကဏ္ဍသည် အိမ်တွင်းအောင်းပြီး သားသမီးများကို ထိန်းကျောင်းရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

http://www.hurriyetdailynews.com/turkish-foundation-head-faces-lawsuit-after-suggesting-six-year-old-children-could-marry-.aspx?pageID=238&nid=76838&NewsCatID=341

No comments:

Post a Comment