Saturday, April 23, 2016

မပြောပါဘူး အမေ ရယ်''

''မပြောပါဘူး အမေ ရယ်''
----------------------------------

မေ့သား ရင်သွေး ၊ချစ်သားလေးသည်
မြို့ကိုသွားကာ ၊ အောင်နိုင်ရာလမ်း
မြို့တော်နန်းသို့  ၊ မေ့နန်းရင်ခွင်
စွန့်လျက်ပင်သာ၊ သွားခဲ့ရာသည်
မေ့မှာ ဂုဏ်ယူ ၊ ဝမ်းသာ၏။

ိုတိုက်တာခြံကား ၊လူကများနှင့်
စည်ကားခေတ်မှီ ၊ မြို့ရပ်ဆီဝယ်
ညီညီညာညာ ၊ ကတ္တရာမဂ္ဂ
ဆွမ်းခံကြွရ ၊ သာမဏမို့
သားလှလူလေး၊ နုဖြူဖွေးအံ့ ။

သဒ္ဓါပေါများ ၊ မြို့သူများက
မအားမလပ် ၊ လှူဆက်ကပ်သည့်
နေ့ရက်မကွာ ၊ လှူဖွယ်ရာကား
' များပြားတောင်ပုံ ၊ သုံးမကုန် 'တဲ့
ဖုံဖုံ တွေးတော၊ မေ့မနောကား
ထင်ရှားစုံစီ ၊ အတွေးတည်၏ ။

အိုဝယ်မိခင် ၊ စိတ်အထင်နှင့်
အမြင်ဘဝ ၊ လက်တွေ့ကြကား
ခဏမထင် ၊ ဖြစ်ရိုးအင်ကို
မိခင်မမြင် ၊ သိစေချင်၏ ။

နံနက်အရုဏ် ၊ သင်္ကန်းရုံ၍
မြို့ပတ်ဆွမ်းခ၊ံ ကြွကြပြန်ပေါ့

' နံနက်စောစော၊ အိပ်မမောနဲ့
အိပ်မောသူများ ၊ ဒဏ်ထမ်းသွားကြ ' ဟေ့
မိုးမလင်းခင် ၊ဆွမ်းခံဝင်ပေါ့
ဂဝံ ခင်းလတ် ၊ ကျောက်လမ်းထက်၌
ဖိနပ်မပါ ၊ ထီးမပါနှင့်
မိုးရွာ နှင်းကျ၊ ကြုံပြန်ရသည်
ဘဝဖြစ်စဉ် ၊  မေမမြင်ဘူး ။

ထိုမှတဖန် ၊ရလာပြန်သည့်
ချဉ်ဖန် စပ်ခါး ၊ ဟင်းလျာများနှင့်
ကြောင်ကြားဆွမ်းနီ ၊ ဘုဉ္ဇတီ တိ
ဖြစ်တုံဘိသည် ၊ အရှိ မိခင် ဘယ်မမြင် ။

သို့မှသာလျှင် ၊ ဘုရားရှင်၏
ဓူတင် နှစ်ဖြာ၊ မြတ်ဝန်တာကို
စိတ်မှာ မငြင် ၊ဘာသာခင်၍
ပန်းလျင်လန်းပေး၊ စမ်းလိုအေးကာ
ထမ်းပေးဝန်တာ၊  သာသနာရေး မမြင်သေးဘူး။

အို ချစ်မိခင် ၊ထိုဖြစ်အင်ကို
မိခင်သိရေး ၊ သားမတွေးပဲ
ရင်အေးချမ်းသာ ၊ စိတ်သာယာဖို့
သားမှာဖြစ်သော ၊ ထိုသဘောကို
( သား)
မပြောပါဘူး အမေရယ်-------- ။
                           ပံသု (လွမ်းဒီပါ)
                             ၂၂. ၄ .၂၀၁၆

No comments:

Post a Comment