Saturday, April 23, 2016

HR Management for Non-HR Managers ဒုတိယမြောက် သင်တန်းအား မန္တလေးမြို့တွင် တက်ရောက်နိုင်ပြီ"

"HR Management for Non-HR Managers ဒုတိယမြောက် သင်တန်းအား မန္တလေးမြို့တွင် တက်ရောက်နိုင်ပြီ"
***Zawgyi version ***
ဒုတိယမြောက် HR သင်တန်းအဖြစ် လူတိုင်းအတွက် ဝန်ထမ်းစီမံခန့်ခွဲမှုပညာ ဖြစ်သည့် "HR Management for Non-HR Managers" ကို လာမည့် ၃၀.၄.၂၀၁၆ (စနေနေ့) နှင့် ၁.၅.၂၀၁၆ (တနင်္ဂနွေနေ့) တို့တွင် မန္တလေးမြို့ Triumph Hotel ၌ နံနက် ၉:၀၀ မှ ညနေ ၅:၃၀ နာရီ အထိ HR Specialist ပါမောက္ခဦးအေးကျော် (FCMI, UK), (FABE, UK), (FCAM, UK), (ACIPD, UK) မှ သင်ကြားပို့ချပေးပါမည်။
ဤ (၂) ရက်သင်တန်းကို တက်ရောက်သင့်သူများမှာ —
၁။ မန်နေဂျာမဟုတ်သော်လည်း လက်အောက်ဝန်ထမ်းများကို စီမံခန့်ခွဲနေရသော အရာရှိများ၊ ဆရာဝန်များ၊ အင်ဂျင်နီရာများ၊ တာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများနှင့် အကြီးအကဲများ
၂။ မည်သည့် Human Resources Management သင်တန်းကိုမှ မတက်ရောက်ရသေးသော ဘွဲ့ရများ
၃။ စီမံခန့်ခွဲသူအဆင့် (Supervisory Level or Middle Management) သို့တက်ရောက်လိုသော လုပ်သက်ရင့်ဝန်ထမ်းများ
၎။ GM ရာထူးသို့ အမြန်ဆုံးရောက်ရှိရန် အထောက်အကူပြုပညာရပ်စုံအောင် ဖြည့်ဆည်းလိုသူများ
၅။ မိမိလက်အောက်ရှိ ဝန်ထမ်းများကို ခေတ်မီနိုင်ငံတကာအဆင့် နည်းစနစ်များဖြင့်စီမံခန့်ခွဲလိုသော GMများ၊ Non-HR မန်နေဂျာများ
၆။ အချိန်မအားလပ်သဖြင့် နှစ်လရှည်ကြာသော ဘွဲ့/ဒီပလိုမာ သင်တန်းများ မတက်ရောက်အားသူများ
၇။ မိရိုးဖလာနည်းလမ်းများထက် ပိုမိုစနစ်ကျသောနည်းလမ်းများဖြင့် စီမံခန့်ခွဲလိုသော အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းပိုင်ရှင်များ GM များ၊ မန်နေဂျာများ
၈။၂၀၁၆ခုနှစ်တွင် စတင်မည့် ASEAN Free Trade Area(AFTA) နှင့် ASEAN Economic Community (AEC) တို့ကြောင့် ပေါ်ပေါက်လာမည်ဖြစ်သော အခွင့်အလမ်းများကိုရယူပြီး စိန်ခေါ်မှုများကို ရင်ဆိုင်အနိုင်ယူရန် ပညာဖြည့်လိုသော မိသားစုလုပ်ငန်းပိုင်ရှင်များ အတွက် အထူးသင့်တော်ပါသည်။
သင်ကြားမည့် ခေါင်းစဉ် module များမှာ —
1. HR Responsibilities in an Organisation ( အဖွဲ့အစည်းတစ်ခုအတွက် HR ၏လုပ်ငန်းတာဝန်များ)
2. Recruitment and Selection (ဝန်ထမ်းရှာဖွေစုဆောင်းခြင်းနှင့် ရွေးချယ်ခန့်ထားခြင်း)
3. Training/Learning and Development (ဝန်ထမ်းများကို သင်တန်းပေးခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်စေခြ
4. Compensation and Benefits (လုပ်ခလစာ ခံစားခွင့်နှင့် အကျိုးကျေးဇူးများ)
5. Disciplinary and Grievance Procedures (စည်းကမ်းထိန်းသိမ်းခြင်းနှင့် နစ်နာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ)
6. Employee Motivation and Retention (ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွစေခြင်းနှင့် အလုပ်မြဲစေခြင်း)
တို့ဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးသော Discussion, Presentation, Brainstorming, and Group Activities စသည့် သင်ကြားမည့် နည်းစနစ်များဖြင့် ပို့ချပါမည်။
သင်တန်းမှတ်စုများ၊ သင်ကြားမည့် module များဆိုင်ရာ e-book များ၊ အဖွဲ့လိုက် activity ပြိုင်ပွဲဆု စာအုပ်များ၊ သင်တန်းဆင်း အောင်လက်မှတ် (Certificate) တို့အပြင် လက်ဖက်ရည်၊ကော်ဖီနှင့်မုန့် (၄) ကြိမ်၊ နေ့လည်စာ (၂) ကြိမ် အပါအဝင် သင်တန်းကြေးမှာ "၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ကျပ်" တိတိ ဖြစ်ပါသည်။
နောက်ဆုံးသင်တန်းအပ်ရန် သတ်မှတ်ထားသည့်ရက်မှာ ၂၉.၄.၂၀၁၆( သောကြာနေ့) ဖြစ်ပြီး လူဦးရေအကန့်အသတ်ရှိပါသဖြင့် အောက်ပါလိပ်စာအတိုင်း အမြန်ဆုံး သင်တန်းအပ်နှံပါရန်။
Triumph Hotel, No.(1), 26th (B) Road, between 55th & 56th Streets, Aung Myay Tharzan Tsp., Mandalay.
Tel: 02-61145/46/47, 09 2019245, 09254116939
မှတ်ချက် ။ ။
၁။ သင်တန်းတက်ရောက်မည့်သူ၏ ဓာတ်ပုံ (၂) ပုံ "passport size" ကို တစ်ပါတည်းယူလာရန်။
၂။ ကိုယ်စားအပ်နှံပါက သင်တန်းတက်ရောက်မည့်သူ၏ အမည် အင်္ဂလိပ်လို စာလုံးပေါင်းအမှန်ကို အတည်ပြုပေးပါရန်။
၃။ နယ်မှ ငွေလွှဲပြီး သင်တန်းအပ်လိုသူများသည် ဦးအောင်ဝင်းနိုင်(Triumph Hotel အထွေအထွေ မန်နေဂျာ) 092019245 သို့ ဆက်သွယ်ပေးပါရန်။
***အထူးအစီအစဉ်***
သင်တန်းသားအနည်းဆုံး (၃)ဦးနှင့်အထက် စေလွှတ်သော ကုမ္ပဏီများ၊ လုပ်ငန်းများအတွက် 10% Discount ရရှိပါမည်။
သင်တန်းသားဟောင်းများသည် 20% Discount ခံစားခွင့် ရှိပါမည်။
ကုမ္ပဏီ/လုပ်ငန်းတစ်ခုချင်းစီ၏ လိုအပ်ချက်အရ စီမံခန့်ခွဲမှုပညာသင်တန်းများကို လုပ်ငန်းခွင်အရောက် သင်ကြားပို့ချပေးလျက်ရှိပါသည်။
--

No comments:

Post a Comment