Thursday, April 21, 2016

ဂါတမဗုဒ္ဓခရိုင်အမည်ပေးသော အမျိုးသမီးဝန်ကြီး ဗုဒ္ဓနိုင်ငံတို့ကို ပြန်လည်လုယူပေးခဲ့သော မိန်းမ တ ယောက် သို့မဟုတ်... မယ်တော်မာယာအမည်ခံ ဗုဒ္ဓ၏သမီးတော်မာယာ

ဂေါတမဗုဒ္ဓခရိုင်အမည်ပေးသော အမျိုးသမီးဝန်ကြီး
ဗုဒ္ဓနိုင်ငံတို့ကို ပြန်လည်လုယူပေးခဲ့သော
မိန်းမ တ ယောက်
သို့မဟုတ်...
မယ်တော်မာယာအမည်ခံ ဗုဒ္ဓ၏သမီးတော်မာယာ
****************************************
                 ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာလွမ်းမိုးပြီး
ဗုဒ္ဓဘာသာနှင့် ကျန်သောဘာသာအ ရေအတွက်က
ပွိုင့် ဇီးရိုးဖိုက်(.05)မျှသာရှိတဲ့ အိန္ဒိယလို နိုင် ငံမှာ
ဂေါတမဗုဒ္ဓပြည်နယ်၊ မဟာမာယာပြည်နယ်၊ သာဝတ္ထိ
ပြည်နယ်၊ ကောသမ္ဗီပြည်နယ်၊ ကုသိနာဂရပြည်နယ်ဆိုပြီး
ပြည်နယ်ငါးခုရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ရိုးအမှန်ပါ။

ဒီပြည်နယ်ငယ်တွေက ဥတ္တရာပရာဒေ့တိုင်း(ပြည်နယ်
ကြီးတခု)အတွင်းမှာ ရှိနေကြတာပါ။ အိန္ဒိယနိုင်ငံဟာ
ပြည်နယ်ကြီးတွေနဲ့ ဖွဲ့စည်းထားတာပါ။
မြန်မာပြည်မှာဆို တိုင်းနဲ့ပြည်နယ်ပေါ့။
ပြည်နယ်ငယ်ဆိုပေမယ့် မြန်မာနဲ့ကိုက်ညီအောင်
်ဆို ခရိုင်လို့ဘာသာပြန်ရမှာဖြစ်ပါတယ်။
ပြည်နယ်တခုခုမှာ မြို့နယ် ၃ခု၊ ၄ခု ပါဝင်နေလို့ပါ။
သူတို့က တော့ district ပဲသုံးပါတယ်။
1. Gautam Buddha Nagar district, 
2. Mahamaya Nagar district,
3. Sharavasti district,
4. Kaushambhi district,
5.Kushinagar district လို့ဟိန္ဒီအသံနဲ့ရေးပါတယ်။
Nagarက ပါဠိ နဂရ..မြို့ ဖြစ်ပါတယ်။
ဒီအမည်တွေထဲက တချို့ဟာ ဗုဒ္ဓလက်ထက်က
ရှိခဲ့ပေမယ့် ဒီဘက်ခေတ်မှာ ပျောက်သွားပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့အနှစ် ၂၀ ခန့်ကစပြီး
ဒီအမည်တွေပြန်လည်ထွက်ပေါ်လာပါတယ်။

       ဒီအမည်တွေကို ပြန်လည်ဖော်ထုတ်ပေးခဲ့သူက
မာယာဝတီ ဖြစ်ပါတယ်။ နာမည်အပြည့်အစုံက
မာယာဝတီ ပရာဗုဒက်စ်( Mayawati Prabhu Das)
ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဖိနိပ်ခံလူတန်းစား၊ အပါယ်ခံ
မျိုးနွယ်စုထဲကဖြစ်ပါတယ်။ သူတို့လူမျိုးကို ထိမိရင်
ကံဆိုးတယ်လို့ ယူဆကြပါတယ်။
သူမကို နယူးဒေလီက ဆေးရုံတခု၌ 1956. 1. 15
မှာ မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူ မာစတာ ပရာဗုဒက်က
အစိုးရစာတိုက်ရုံးမှာ အချိန်ပိုင်းစာတိုက်ရုံးမူးအဖြစ်မှ
ပင်စင်ယူထားပြီး မိခင်ကြီး ရာမရတိ က  မိသားစုကို
ဦးဆောင်ပြီး ပြုစုလုပ်ကြွေးရရှာတယ်။

အလုပ်အကိုင်နဲ့ လူတန်းစားက သူမဘဝရဲ့ ပညာရေး
ကဏ္ဍတွေမှာ အတားအဆီးကြီးတခုဖြစ်ခဲ့တယ်။ ဒါပေမယ့် သူမဟာ ဥပဒေဘွဲ့ရသည်အထိ ဒေလီ
တက္ကသိုလ်မှာ တက်ခဲ့တယ်။Meerut University
ဘီအီးဒီဘွဲ့ ကိုလည်းရယူနိုင်ခဲ့ပါတယ်။
ကျောင်းပီးတော့သူမဟာ ရှေ့နေအလုပ်ကိုလုပ်ကိုင်ရင်း
လူမူရေးလှုပ်ရှားမူတွေမှာ ပါဝင်လာခဲ့တယ်။
နောက်တော့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာပြီး
အိန္ဒိယနိုင်ငံရဲ့ အလွမ်းမိုးဆုံးပါတီတွေထဲကတစ်ခု
ဖြစ်တဲ့ BSP ပါတီရဲ့ president တာဝန်ကိုယူခဲ့တယ် ။

ဒါ့ကြောင့် သူမကို သံမဏိမိန်းမမာယာဝတီလို့ခေါ်ကြ
တယ်။ ကုမာရီမာယာဝတီလို့လည်း နာမည်ကြီးပါတယ်။
အိန္ဒိယအမျိုးသမီးတွေဟာ ဆံပင်ရှည်ရှည်ထားတဲ့
ဓ လေ့ရှိပေမယ့် သူမက တော့ ဆံပင်တိုတိုနဲ့ပဲနေ
ပါတယ်။ ဒါ့ကြောင့် လူတော်တော်များများက
သူမကိုယောက်ျားတစ်ယောက်လိုပဲ မြင်ကြပါတယ်။
          
သူမရဲ့နိုင်ငံရေး အ ခြေ အ နေက အိန္ဒိယနိုင်ငံရဲ့
ဝန်ကြီးချုပ်ဖြစ်လာဖို့အထိ အ ခြေ အ နေ ကောင်းခဲ့ပါ
တယ်။အဲဒီအချိန်မှာ သူမဟာ ဗုဒ္ဓဘာသာသို့ကူးပြောင်း
မည်ဖြစ်ကြောင်း ပြည်သူလူထုကို ထုတ်ဖော်ပြောဆို
ခဲ့ပါတယ်။
အဲဒီစကားလုံးရဲ့အကျိုးဆက်လား၊ တစ်ခြားအ ကြောင်း
ကြောင့်လားဆိုတာ မ ပြောနိုင်ပေမယ့် သူမဟာ ဝန်ကြီးချုပ်
ဖြစ်ဖို့အလားအလာက နေ ဆုတ်ယုတ်သွားတာက
တော့သေချာပါတယ်။

      သူမရဲ့ မလျော့သောဇွဲကြောင့် 1995 ခုနှစ်မှာတော့
အိန္ဒိယနိုင်ငံရဲ့ အကျယ်ဆုံးဖြစ်တဲ့ ဥတ္တရာပရာဒေ့
ပြည်နယ်ကြီးရဲ့ ဝန်ကြီးဖြစ်လာပါတော့တယ်။
သူမက ဥတ္တရာပရာဒေ့ပြည်နယ်ကြီးရဲ့ ဝန်ကြီးအဆက်
ဆက်မှာ အငယ်ဆုံးဝန်ကြီးဖြစ်ပြီး၊ သူမလိုမျိုးနွယ်စုထဲက
ပြည်နယ်ဝန်ကြီးဖြစ်လာတာ အိန္ဒိယသမိုင်းမှာ ပထမဆုံး
ဖြစ်ပါတယ်။
ပြည်သူတွေကလည်း သူမကိုပြည်နယ်ဝန်ကြီး ၄ကြိမ်
အထိ တာဝန်ယူရ လောက်အောင် ထောက်ခံအားပေး
ခဲ့ကြတယ်။
1995 ၊1997 ၊2002- 2003၊ 2007- 2012 ဆိုတဲ့
နှစ်တွေမှာပေါ့။ မာယာဝတီ ဝန်ကြီးဖြစ်လာတဲ့ ပြည်နယ်က
ဗုဒ္ဓ၏တိုင်းပြည်( the Land of Lord Buddha) လို့
UP Buddhist Tourism Guide Book မှာ တင်စားခြင်း
ခံရတဲ့ ဥတ္တရာပရာဒေ့ပြည်နယ်ကြီးဖြစ်နေခြင်းဟာ
ဗုဒ္ဓဘာသာတို့အတွက် ကံကောင်းခဲ့တယ်ဆိုရမှာပါ။
      
ဝန်ကြီး မာယာဝတီဟာ ဗုဒ္ဓဘာသာတို့ရဲ့ ၂၅၀၀ ကျော်
ခရီးရှည်ကြီးအတွင်းက အ ခြေခံအဆောက်ဦးတွေကို
ထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ တိုးတက်အောင်လုပ်ခြင်း
ဆိုတာ အ ရေးကြီးတဲ့ အ ကြောင်းအရာဖြစ်ကြောင်း
သ ဘောပေါက်ခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမူနဲ့ ဗုဒ္ဓဘာသာဘုရားဖူးတွေရဲ့
အဓိကပန်းတိုင်ဟာ ဥတ္တရာပရာဒေ့ပြည်နယ်ဖြစ်တယ်
ဆိုတာ သူမသိလာခဲ့တယ်။
ဒါကြောင့်သူမလက်ထက်မှာ ခရိုင်အဆင့်ပြည်နယ်
၁၄ ခုတိုးချဲ့သတ်မှတ်ရာ ပြည်နယ်လေးခုကို ဗုဒ္ဓဘာသာ
တို့ရဲ့ မူပိုင်အမည်တွေကိုပေးခဲ့ပြီး၊ ပြည်နယ်တစ်ခု
ကိုတော့ ဗုဒ္ဓဘာသာအမည်သို့ ပြောင်းလဲခေါ်ဝေါ်စေခဲ့
ပါတယ်။
                 ဂေါတမဗုဒ္ဓနဂရခရိုင်( the district of
Gautam Buddha Nagar) ကို အိန္ဒိယနိုင်ငံ၏မြို့တော်
နယူးဒေလီနဲ့ ဆက်စပ်နေတဲ့ နွိုက်ဒါမြို့ကို ရုံးစိုက်ရာ
မြို့အဖြစ်သတ်မှတ်ပြီး ခရစ်နှစ် ၁၉၉၇ ခုနှစ် မေလ၊
၆ရက်နေ့မှာ စတင်သတ်မှတ်ခဲ့ပါတယ်။
လက်အောက်ခံမြို့နယ်သုံးခုနဲ့ ဖွဲ့စည်းထားပြီး ရွာပေါင်း
၄၄၉ ရွာပါဝင်ပါတယ်။
နယူးဒေလီနဲ့ဆက်စပ်နေတဲ့ပြည်နယ်ခရိုင်မို့ ကြီးမားတဲ့
ခြေလှမ်းတခုဖြစ်ခဲ့ပါတယ်။ ထူးခြားတာက ခရိုင်
သတ်မှတ်ပြီးပြီးချင်းမှာ နွိုက်ဒါမြို့၌ ကမ္ဘာ့အဆင့်မှီ
ဂေါတမဗုဒ္ဓတက္ကသိုလ်( သူတို့အခေါ်..ဂေါ့ဓ်တမ်ဗုဒ်
တက္ကသိုလ်.. Gautam Buddh University) ကြီးကို
တည်ထောင်လိုက်ခြင်းပါ။

အိန္ဒိယလိုနိုင်ငံမှာ လူတန်းစားအားလုံးတက်ခွင့်ရှိတဲ့
တက္ကသိုလ်ကြီးဖြစ်ပါတယ်။
အိန္ဒိယပညာရေးရဲ့ အ ကောင်းဆုံးတက္ကသိုလ်တွေ
ထဲမှာ တစ်ခုအဖြစ်ပါဝင်ပြီး၊ အမေရိကန်၊ အင်္ဂလန်၊
ပြင်သစ်စတဲ့ နိုင်ငံတွေက တက္ကသိုလ် ၁၅ ခုခန့်နဲ့
လည်း ပြောင်းလဲသင်ကြားနိုင်အောင် ချိတ်ဆက်ထားပါတယ်။
အဲဒီလိုချိတ်ဆက်ထားတဲ့ တက္ကသိုလ်က အိန္ဒိယမှာ
ဒီတခုတည်းရှိတယ်လို့ ဆိုပါတယ်။ မဟာမာယာနည်းပညာတက္ကသိုလ်( Mahamaya
Technical University) ကို လက်ခနောင်းနဲ့ န်ွိုက်ဒါမြို့
တို့မှာ အသီးသီးဖွင့်ခဲ့ပါတယ်။
           မဟာမာယာ နဂရခရိုင်( the district of
Mahamaya Nagar) ကိုလည်း ၁၉၉၇နှစ်၊ မေလ
၆ရက်နေ့မှာပဲ သတ်မှတ်ခဲ့ပါတယ်။
မြို့နယ်လေးခုပါဝင်ပြီး ဟာထရပ်စ်(Hathras) မြို့မှာ
ရုံးစိုက်ပါတယ်။
ဒါပေမယ့် ၂၀၀၂ ခုနှစ်၊ ဇူလိုင်လမှာ ဟာထရပ်စ်ခရိုင်
ဟု အမည်ပြောင်းလဲလိုက်ပါတယ်။ ယခုတော့ မဟာ
မာယာခရိုင်လို့ မရှိပါတော့ဘူး။

         သာဝတ္ထိခရိုင်ကို ၁၉၉၇ ခုနှစ်၊ မေလ ၂၅ ရက်
နေ့မှာသတ်မှတ်ပြီး၊ မြို့နယ် ခုနှစ်ခုခန့်ပါဝင်ပါတယ်။
ရုံးစိုက်ရာ မြို့က တော့ ဘင်ဂမြို့( Bhinga)ဖြစ်ပါတယ်။
      
ကောသမ္ဗီခရိုင်ကို ၁၉၉၇ ခုနှစ်၊ ဧပြီလ လေးရက်နေ့
မှာ အောလာဟဘတ်ပြည်နယ်က နေ ခွဲထုတ်ပြီး မြို့နယ်
သုံးခုဖြင့် ဖွဲ့စည်းသတ်မှတ်ထားပါတယ်။
မန်ဂျန်ပုရ် (Manjhanpur) မြို့မှာ ရုံးစိုက်ပါတယ်။
       
ကုသိနာဂရခရိုင်က တော့ ၁၉၉၇ခုနှစ်၊ မေလ ၂၂
ရက်နေ့မှာ ပဒရာဥန ခရိုင်( Padrauna district)  ကို
အမည်ပြောင်းလွဲ၍ ခေါ်ဝေါ်ခဲ့ခြင်းပါ။
ခရိုင်အသစ်အ နေဖြင့် ဖွဲ့စည်းလိုက်ခြင်းမဟုတ်ပါ။
      မာယာဝတီဟာ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလမှာ
ဆင်းရဲသောပြည်သူနဲ့ ဇာတ်နိမ့်လူတန်းစားတွေအတွက်
ချေးငွေစနစ်ကိုစတင်အ ကောင်အထည်ဖော်ခဲ့ပါတယ်။
         သူမရဲ့ သတ္တိရှိမူ၊ သဘောထားကြီးမူ၊ သူမတူတဲ့
လုပ်ရပ်ရှိမူ စတာတွေကြောင့် ၂၀၀၇ ခုနှစ်မှာ အ မေရိကန်
Newsweek မဂ္ဂဇင်းရဲ့ နံပါတ် တစ် နေရာမှာ ထားခြင်း
ခံခဲ့ရပြီး၊ သူမကို အိန္ဒိယအိုဘားမားလို့တင်စားလိုက်
ပါတယ်။
အဲဒီနှစ်မှာပဲ တိုင်းမဂ္ဂဇင်းက အိန္ဒိယသမိုင်းရဲ့ ၁၅
ယောက်မြောက် သြဇာအရှိဆုံးအဖြစ် ရွေးချယ်လိုက်
ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ သူမဟာ ကမ္ဘာ့သြဇာအရှိဆုံး
မိန်းမ ၁၀၀ ထဲမှာ ၅၉ နေရာကို ရရှိခဲ့ပါတယ်။

          အစိုးရက ချီးမြောက်ထောက်ပံ့မူပြုရင် ဘယ်လိ
ုနေရာမျိုးမှာမဆို အဲဒီဘာသာဟာ စည်ပင်ထွန်းကား
လာမှာပါ။ အုပ်ချုပ်သူတို့ရဲ့ အညိုငြင်ကိုခံရပီဆိုရင်
တော့ ၁၂ရာစုခန့်ကတည်းက ဗုဒ္ဓဘာသာရဲ့မွေးရပ်မြေ
အိန္ဒိယနိုင်ငံ မှာ ဗုဒ္ဓဘာသာလုံးဝ ဆိတ်သုည်းသွားခဲ့
ဖူးပါတယ်။

ယုံကြည်နေဖို့အဓိကလို့ ယေဘုယျပြောနေကြ ပေမယ့်
လက်တွေ့ဘဝမှာတော့  အစိုးရမကြည်ညိုရင်
ဘယ်လောက်ပဲအ ရေအတွက် များပါစေ စက်မပါ
တဲ့ကားကြီးလို တိုးတက်ဖို့အလားလာမရှိပါဘူး။

ဘာသာရေး ယုံကြည်မူသက်သက်၊ ဘာသာရေး
မျော်လင့်ချက်သက်သက်လေးနဲ့ ရပ်တည်နေတဲ့
ဗုဒ္ဓဘာသာရှူထောင့်က ပြောလိုက်ခြင်းပါ။
လေဒဏ်မိုးဒဏ်နဲ့ ကားကြီးပျက်စီးသွားနိုင်သလို
မယုံကြည်သူ အထင်သေးသူတို့ရဲ့ ဒဏ်ကြောင့်၊
အသံကြောင့် ဘာသာရေးဆိုတဲ့ဖား သေသွားနိုင်ပါတယ်။
အတိုက်ခိုက်ခံရပီဆိုရင်တော့ ၁၂ရာစုက
အိန္ဒိယဗုဒ္ဓဘာသာ မျိုးတုန်းသွားတာဟာ နှစ်ခါလေးပဲ
အတိုက်ခံလိုက်ရတာပါ။

အဲတုန်းကအစိုးရကလည်း ဗုဒ္ဓဘာသာကို ကြည်မှ
မကြည်ညိုတာ။
         ယခုတဖန် မာယာဝတီရဲ့ကျေးဇူးကြောင့်တော့
အိန္ဒိယမှာ ဗုဒ္ဓဘာသာတို့ရဲ့ နယ်ပါယ်ဒေသကြီးတွေ လူသိရှင်ကြား တဖန်ဖြစ်ခဲ့ပြီ။.လူတွေကိုဘာသာဝင်
ဖြစ်အောင်လုပ်ဖို့ကြ တော့ သာသနာပြုသူနဲ့ ထောက်ပံ့
သူလက်တွဲမှသာ ရမှာပါ။
ထောက်ပံ့ဆိုတာ ပြုသူနဲ့ အပြုခံရသူနှစ်ယောက်လုံးကို
ထောက်ပံ့မှ ရတာပါ။ အဲဒါက လက်တွေ့ရင်ဆိုင်
နေရတဲ့အ ခြေ နေပါ။

ကိုယ်တွေ့ပါ။ထေရဝါဒဗုဒ္ဓဘာသာကို စိတ်ဝင်စားမှု
နည်းပေမယ့် တိဘတ်ဗုဒ္ဓဘာသာကို အိန္ဒိယမှာ
အ တော်လေးစိတ်ဝင်စားတယ်။
ဒလိုင်းလားမားဘုန်းတော်ကြီးက သူတို့တွေကို
ထောက်ပံ့ပေးလို့ ဖြစ်ပါတယ်။
ပျားရည်ဆမ်းတဲ့မြက်နဲ့   သမင်ကို နန်းတော်ထဲထိ
သိမ်းသွင်းနိုင်တဲ့ ဇာတ်တော်သာဓကလိုပါပဲ။
တစ်ကမ္ဘာလုံးက သမင်တွေကို သိမ်းသွင်းချင်ရင်တော့
ပထမဆုံးမြက်တော့ လိုပါလိမ့်မယ်။
ပစ္စည်းဝတ္ထု ဆိုတဲ့ မြက်ကို ဓမ္မရသဆိုတဲ့ ပျားရည်လေး
သွန်းလောင်းလိုက်ပီဆိုရင်တော့ သင်တို့၏ နန်းတော်ထဲ
သို့ သမင်တွေ ဝင်လာပါလိမ့်မယ်။

ကိုယ် ကိုးကွယ်တဲ့ဘာသာကို မတိုးပွားမစည်ကားစေခြင်တဲ့လူ
လောကမှာ ရှိမည်မဟုတ်ပါ။
ဘာသာ၊ သာသနာကို ပြုစုပျိုးထောင်နိုင်တဲ့ အမျိုးကောင်း
သား၊ အမျိုးကောင်းသမီးများ ဖြစ်ကြပါစေ။
       
သတ္တဝါမှန် သ ရွေ့ တရားတွေ့
ချမ်းမြေ့သာယာရှိပါစေ
        
         အရှင်ပညာ(ပြည်)
         မာဂဓတက္ကသိုလ်၊ အိန္ဒိယ   
UP Buddhist Tourism Guide Book....
Ms Mayawati Wikipedia.. .စာအုပ်တို့ကိုကိုးကားသည်။

No comments:

Post a Comment