ချစ်နှမလေးထံပေးစာ(၃)
---------------------------
နှမလေးတို့ရေ
ငွေဟာလူတွေရဲ့သည်းခြေကြိုက်
တစ်မျိုးဖြစ်ပါတယ်။
ငွေကိုမက်မောကြပါတယ်။ ဘာ့ကြောင့်မက်မောကြတာလဲ?
စားဝတ်နေရေးကျန်းမာရေးဆိုတဲ့ အခြေခံအကြောင်းတရားတွေကြောင့်ပေါ့။
အရာရာကို ငွေကြောင့်စွန့်လွှတ်ခဲ့ကြတယ်။ အရှက်သိက္ခာတွေမဲ့ကုန်ကြတယ်။
သူတစ်ပါးရဲ့ အသက်တွေကို ရန်ရှာရဲလာတတ်တယ်။
ဒီဘဝခဏလေးချမ်းသာဘို့
(မကောင်းတဲ့)နာမည်ကောင်းရဘို့ ဘဝကိုရေစုန်မျောလိုက်ကြပါတယ်။
ဘိုးဘွားအစဉ်အဆက်က ယဉ်ကျေးမှုတွေကိုလည်း
ချိုးဖောက်လာခဲ့ကြတယ်။
ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းလာခဲ့တဲ့
အမျိုး ဘာသာ သာသနာကို
စော်ကားရဲလာခဲ့ကြတယ်။
လက်ရှိဘဝအခက်ခဲပြေလည်ရင်ပြီးရော
ဘာသာ သာသနာကို စော်ကားလာခဲ့ကြပါတယ်။
နှမလေးတို့ရေ
အခြားဘာသာဝင်တွေဟာ သူတို့ဘာသာဝင်တစ်ယောက်
ဖြစ်လာဘို့ဆိုရင် အဲဒါကို
သူတို့ဘာသာထဲ မရောက်ရောက်အောင်
ငွေအားလူအားတွေနဲ့ အစွမ်းကုန်ကြိုးစားပြီး လက်ကမ်းခေါ်ဆိုတတ်ကြပါတယ်။
သူတို့ဘာသာဝင်တစ်ယောက် အခြားဘာသာထဲဝင်မယ်ဆိုရင်တော့
သေလုမတတ်ကြောက်ကြပါတယ်။ နှမလေးတို့အနေနဲ့ ဒါတွေကို
အပြစ်တင်စရာမလိုပါဘူး။
အတုယူရမှာပါ။
နှမလေးတို့ဟာ
မိမိတို့ဘာသာကို မကြည်ညိုတတ်သူတွေကို ကြည်ညိုတတ်လာအောင်
နည်းပေးလမ်းပြလုပ်ပေးနိုင်အောင် ကြိုးစားရမှာပါ။
ကြည်ညိုပြီးသား ဗုဒ္ဓဘာသာဝင်တွေကိုလည်း
စားဝတ်နေရေး ကျန်းမာရေး
လူမှုရေးတွေ အဆင်ပြေလာအောင်
ကူညီပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာ သာသနာတည်တံ့ဘို့ တာဝန်အရှိဆုံး
ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်ပါဘဲ။
ဒါဟာအခြားဘာသာဝင်တွေကို သွေးခွဲစေတာမဟုတ်ပါဘူး။
မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပါတယ်။
မြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။
ဒါ့ကြောင့် မြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင်
အကြမ်းမဖက် တရားသောနည်းဖြင့် စည်းရုံးနိုင်ရပါ့မယ်။
နှမလေးတို့ရေ
အမိမြန်မာပြည်ကြီး ဘာသာမကွယ်ပျောက်ဘို့အရေးဟာ
နှမလေးတို့က အဓိကအခန်းကဏ္ဍမှာပါပါတယ်။ ဘာလို့လဲဆိုတော့
နှမလေးတို့ဟာ မိခင်လောင်းတွေဖြစ်လို့ပါ ဒါကို အမျိုးယုတ် အယူအဆရှိသူတွေက
သိထားကြပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေကို အတင်းသိမ်းပိုက်ပြီး
လိင်ကျွန်ဖြစ်စေခဲ့တာ ကမ္ဘာကြီးသက်သေရှိနေခဲ့ပါတယ်။
ဒါ့ကြောင့်နှမလေးတို့ အနေနဲ့
မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြပြီး
ငွေကြောင့်တော့ ဘာသာမစွန့်ပါနဲ့။
ငွေကြောင်တော့ အမျိုးမစွန့်ပါနဲ့။
ငွေကြောင်တော့ အပါယ် ခရီးကို မသွားကြပါနဲ့။
နာမည်ရလိုမှုအတွက် ဘုရားတရားသံဃာကို မစော်ကားပါနဲ့။
အာဏာရဘို့ အမျိုးဘာသာ သာသနာကို
ခုတုံးမလုပ်ပါနဲ့။
နှမလေးတို့အတွက်
မောင်ကြီး
ဓမ္မဘက်တော်သား ဧရာဝတီ
photo-ကျက်သရေ ရှိသောအလှ
No comments:
Post a Comment