Monday, April 11, 2016

ဓမ္မသဘော

ဓမ္မသဘော
ဘယ်သို့ဟောလည်း
လိပ်ကျောကြောင်ကော်
ပြောင်ချော်ချော်နှင့်
ပျော်တစ်ပြုံးပြုံး
မော်မဆုံးတည့်
ဆိုတာမျိုး ဖြစ်နေကြဦးမှာလား
မကြောက်ကြ
မလန့်ကြ
သံဝေဂမရကြဘူးလား ကွယ်ရို့
ဆင်ခြင်ကြ
စဉ်းစားကြ
အတွက်အချက်ကလည်း
နည်းနေကြသလား မသိ

မြတ်ဘုရားကတော့
တံ ကိဿ        ဟေတု စသား ဟောချက်
များနဲ့ တွက်ချက်ပြတော်မူခဲ့သား

                (  ၁  )
ပုထုဇဉ်အကြိုက် စိတ်လိုလိုက်လို့
ပျော်ပိုက်မှုများ မှားယွင်းမှုအစား
စားကို
               (  ၂   )
စိတ်အလိုမလိုက် စိတ်အကြိုက်
မဆောင် ခွာရှောင်ကာ အပျော်အပါး
အမှားနည်းအောင် နေကြ ပြုကြ ပြော
ကြ ဆိုကြ စိတ်နှလုံးကောင်းမွေးကြ
တာနဲ့ 

နှိုင်းယှဉ်တွက်ချက် ပြတော်မူခဲ့ပါရဲ့

၁။အချက်က အခိုက်အတန့်အားဖြင့်
    ဟုတ်သယောင် ဟန်သယောင်ရှိ
ပေမယ့် အခိုက်အတန့်ကိုကျော်လွန်
သွားတာနဲ့ ဒီဘဝ နောင်သံသရာ မဟုတ်နိုင် မဟန်နိုင်တော့ဘူး ဘေး
တွေ ဒုက္ခတွေ အပါယ်ဆင်းရဲကြီးတွေ
ဝဋ်ဆင်းရဲကြီးတွေနဲ့  တဝဲဝဲ တလည်
လည်ဆိုသလို ပေးဆပ်ရမှုတွေ များ
လွန်းလှပါသတဲ့

၂။အချက်ကတော့ လက်တွေ့အားဖြင့်
     စိတ်ကို ချုပ်တည်းရ အောင့်အည်း
ရ ထိန်းသိမ်းရ အပျော်အပါး မျက်နှာလွှဲ
အမှားနည်းအောင်နေရ  ထိုင်ရ ပြောရ
ဆိုရ  သတိတွေ ထားနေရ နည်းတဲ့ ဒုက္ခ မဟုတ်ပါလား မလွယ်ပါလားနဲ့
ညည်းညူကောင်း ညည်းညူရမှာ မှန်ပေသည့် အဒါတွေဟာ အခိုက်  အတန့်ပါ ပြောပလောက်တဲ့ ဒုက္ခ မဟုတ်ပါဘူး ပြောပလောက် အောင် မပေးဆပ်ရဘူး ဒါပေမယ့် ရလာမှာတွေ
က မနည်ဘူးနော် ဒီဘဝမှာလည်း အများကြီးကောင်းမယ် နောင်သံသရာ
မှာလည်း အများကြီး ကောင်းလာမယ်

ဒီလို ဒီလို တွက်ချက် ပြတော်မူလေ့ရှိ
တယ် ကိုယ်တွက်မကျန်ရင်ဘာမှမလုပ် ဘူးဆိုတဲ့သူတွေ သေသေချာချာ တွက်
ကြရုံဘဲ
      ကျန်တဲ့ဟာ လုပ်ကြမလား  ???
      ခံရမယ့်ဟာ လုပ်ကြမလား  ???
      သံဝေဂမယူကြတော့ဘူးလား
      လိပ်ကျော ကြောင်ကော် ဟောမရ
ပြောမရ ပြောင်ချော်ချော်ကြီးတွေ လုပ်
နေကြအုံးမှာလား
       ပျော်တပြုံးပြုံး မော်မဆုံး လုပ်နေ ကြအုံးမလား

No comments:

Post a Comment