ဗုဒ္ဓဘာသာဝင်များ၏
တာဝန်သိမှုနှင့် ပညာရှိမှု
<><><><><><><><><>
ကဆုန်လပြည့် ဗုဒ္ဓနေ့ ( Vesak Day ) ကို
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြို့တိုင်း ရွာတိုင်း
ရပ်ကွက်တိုင်း ကျောင်းတိုင်း အိမ်တိုင်း
ဓမ္မာရုံတိုင်း အသင်းအဖွဲ့တိုင်းတွင် ကျင်းပပူဇော်
ကုသိုလ်ပြုခြင်းအားဖြင့် ဗုဒ္ဓဘာသာ၏ ဂုဏ်ကို
ဗုဒ္ဓဘာသာစစ်သူတိုင်း တာဝန်သိစွာမြှင့်တင်
ကြပါစို့။
မိမိကိုယ်တိုင် တာဝန်သိမှုနှင့် ပညာရှိမှုကို နိုးကြား
ကျင့်ဆောင်ကြပါစို့။
အဖိတ်နေ့ + ကဆုန်လပြည့်နေ့ + လပြည့်ကျော် ၁ ရက်ထိ
သုံးရက် ရတနာသုံးပါးကိုပူဇော်သောအားဖြင့်
မြတ်စွာဘုရား၏ရောင်ခြည်တော် ၆ သွယ်ကိုယ်စားပြု
သာသနာ့အောင်လံတော်များကို အိမ်တိုင်းလမ်းတိုင်း
လွှင့်ထူတော်မူကြပါ။
ဥပုသ်သီလဆောက်တည်ခြင်း စတုဒိသာကျွေးခြင်း
ဘေးမဲ့လွှတ်ခြင်း ဗောဓိညောင်ရေသွန်းလောင်းခြင်း
ပရိတ် ပဋ္ဌာန်းတရားတော်များ စုပေါင်းရွတ်ဆိုခြင်း
ကုသိုလ်ကောင်းမှုများပြုလုပ်ကြရန်။
မြို့နယ် ရပ်ကွက်များတွင် သာသနာ့အလံတင်
အ ခမ်းအနားများနှင့် ဟောပြောပွဲ တရားပွဲများ
ကျင်းပကြရန် ဖြစ်ပါသည်။
၉း ၅ အလံတော် အချိုးအစားမှန်ပြီး စည်းကမ်းနှင့်
အညီချုပ်လုပ်ထားသော သာသနာ့အလံတော်များ
ကို ထေရ၀ါဒဓမ္မကွန်ရက်တွင် မှာယူနိုင်ပါသည်။
No comments:
Post a Comment