Friday, April 22, 2016

.သောတာပန်ဖြစ်ပုံ လေးမျိုး...”

“...သောတာပန်ဖြစ်ပုံ လေးမျိုး...”
**************************
၁။ သောတာနုဂမန– ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

၂။ ၀စသာပရိစယ= ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

၃။ မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။

၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီးရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင်အပါယ်မကျဘဲ

၁။ နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန်တည်ပါတယ်။

(သို့)

၂။ အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါးနတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကိုနာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။

(သို့)

၃။ ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့သတိရပြီးသောတာပတ္တိမဂ်ကို ရပြန်တယ်။

(သို့)

၎။ လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်းဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

(ထိုလေးနည်းက တစ်နည်းနည်းဖြင့်သောတာပန်တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်)

အင်္ဂုတ္တိုရ် ပါဠိတော်၊သောတာနုဂတသုတ်

No comments:

Post a Comment