မြန်မာဖြစ်ရတာ ရှက်တယ်ဆိုသူသို့ 
********************************
ချစ်ရေ...
ချစ်က မြန်မာဖြစ်ရတာ
မြန်မာမိန်းမသားဖြစ်ရတာကို
ရှက်တယ်တဲ့ ဟုတ်လား..?
ဘာဖြစ်လို့ လဲ
ဘာ့ကြောင့်ရှက်ရတာလဲဆိုတော့
အစစ အရာရာ အောက်တန်း နောက်တန်းကျလွန်းလို့ ရှက်တာတဲ့ ။
အဝတ်အစားကစ
ဟိုလို မဝတ်နဲ့ 
ဒီလိုဝတ် ။
ဟိုဟာ မဝတ်နဲ့ 
ဒီဟာ ဝတ်..
အို...ရှုပ်ယှက်ခပ်နေတာပဲ ။
ကွာကိုယ် ဘာဝတ်ဝတ်ပေါ့။
နေရာတကာ လိုက်ချုပ်ချယ်လွန်းလို့ လည်း
မြန်မာဖြစ်ရတာ ရှက်ရုံတင်မကဘူး
မုန်းတယ်..မုန်းတယ်..မုန်းတယ်..တဲ့ ။
သြော်..ခက်လှချည်လား
အသိမကြွယ်သေးတဲ့ မိငယ်ရေ လို့ 
ဆိုရမလို ဖြစ်နေပါပြီကောလား ။
ဒီမယ်..ချစ်....
မင်း သေသေချာချာ စဉ်းစားကြည့်ပါဦး။
အောက်တန်း နောက်တန်းကျတာက
မြန်မာဖြစ်လို့ ကျတာလား..?
ကိုယ်တိုင် အသုံးမကျလို့ 
အောက်တန်းကျတာလာ..?
မောင်တို့  မြန်မာပြည်မှာ
အထက်တန်းကျကျ မျက်နှာပန်းလှလှနဲ့ 
တကယ့် မလိုင်ခဲကြီးတွေရှိတယ်လေ ။
ဒါတွေမြင်ဘူးလား..?
မြန်မာပြည်မှာ နေရလို့ 
အဆင့်အတန်းမရှိဘူး
အဆင့်မှီမှီ မနေရဘူးလို့ ထင်ရင်
ဒီမြန်မာပြည်ထဲနေပြီး
အဆင့်အတန်းမြင့်နေတဲ့ သူတွေ
ရှိသားပဲ။
သုတို့ တွေကျ ဘာလို့ အဆင့်မြင့်တာလဲ..?
အကြောင်းကြောင့် အကျိုးဖြစ်တာ။
အကြောင်းကောင်းလို့  အကျိုးကောင်းတာ။
ဘာအကြောင်းလဲ သိလား..?
စည်းကမ်းရှိခြင်းက အကြောင်းတစ်ခု။
အသုံးနဲ့  အဖြုန်း နားလည်ခြင်းက
အကြောင်းတစ်ခု။
ကြိုးစားအားထုတ်မှုရှိခြင်းကလည်း
အကြောင်းတစ်ခု။
သံသရာအဆက်ဆက်က
ပြုလုပ်ဆည်းပူးခဲ့တဲ့
ပါရီမီကံ ပါလာခြင်းကလည်း
အကြောင်းတစ်ခု။
အို...အများကြီးမှ အများကြီး။
အခြားအကြောင်းအရာတွေလည်း
အများအပြားကျန်ဦးမှာပါ။
ဒီအကြောင်း အချက်အလက်တွေထဲက
ချစ်နဲ့ ကိုက်ညီတာ ဘယ်နှစ်ချက်ပါလဲ..?
စည်းကမ်းရှိလား..?
မနက်စာစားတဲ့ ထမင်ပန်းကန်
နေ့ ခင်းအထိမထားပါနဲ့ 
နေ့ စာစားတဲ့ ပန်းကန်လည်း
ည အထိ မထားပါနဲ့ 
ညစာစားတဲ့ ပန်းကန်
နောက်နေ့ မနက်အထိ
်မထားပါနဲ့ လို့ 
မောင် အထပ်ထပ် အခါခါ ပြောခဲ့ဘူးတယ်။
ချစ်လိုက်နာခဲ့လို့ လား..?
စားခါနားနီးမှ ကမန်းကတမ်း ကောက်ဆေးတယ်။
နောာက်ပြီးရှိသေးတယ်။
ကွမ်းကြိုက်ပြီး စည်ကမ်းမဲ့တာက အဆိုးဆုံးတစ်ခုထဲက အရေးတကြီးပါဝင်နေတယ်။
တွေ့ ကရာ မြင်ကရာ
ကွမ်းသွေး တစ်ဗျစ်ဗျစ်ထွေးတာလောက်
မုန်းတာ မရှိဘူး။
စည်းကမ်းရှိဖို့  နေရာတိုင်း
ကွမ်းသွေးမထွေးဖို့  ပြောတဲ့အခါတိုင်း
စကားများ ရန်ဖြစ်ရတာက အမော။
မိန်းမဖြစ်ပြီး အဲ့လောက်စုတ်ပဲ့တာတော့
တစ်ဆိတ် လွန်လွန်းတယ်ထင်တယ်။
နောက်တစ်ခုကျတော့
ချစ်တစ်ယောက်တည်းမဟုတ်ဘူး။
မောင်တို့  မြန်မာတွေ အားလုံးနီးပါးစည်းကမ်းမရှိတာ။
ဤနေရာတွင် အမှိုက်မပစ်ရလို့ 
ဆိုင်းဘုတ်ကလေးရေပြီး ညနေပိုင်းမှာ
စည်ပင်က လာကပ်စိုက်ထူသွား။
မနက်ခင်းကျတော့ ဆိုင်းဘုတ်လေးက
အမှိုက်ပုံရဲ့
ဟိုးအောက်ဆုံးမှာ မွန်းကျပ်စွာ
ဖုံးဖိထားခြင်းခံနေရပြီ။
အခြားစည်းကမ်းတွေလည်း
အများကြီးရှိသေးတယ်။
လူမှုနယ်ပယ်မှာ လိုက်နာရမယ့်စည်းကမ်း
ရှောင်ကြဉ်ရမယ့်စည်းကမ်း
စောင့်ထိန်းရမယ့်စည်းကမ်း စသည်စသည်။
ဒါတွေအားလုံးသာ
မောင်တို့ လူမျိုးတွေ လိုက်နာ နေထိုင်ကြရင်
ရဲစခန်းတို့ 
ရှေ့နေတို့ 
တရားသူကြီးတို့ 
ရုံး
အချုပ်
ထောင်
ဂတ် ဒါတွေ ဒါတွေ ဘာမှထားစရာ
မလိုတော့ဘူး။
သူတို့ အားလုံး ထမင်းငတ်ကုန်မှာပေါ့။
မောင်တို့ လူမျိုးတွေက သနားတတ်ကြတော့
ဥပဒေပိုင်းဆိုင်ရာ ထိန်းသိမ်းကြရတဲ့သူတွေ
ထမင်းငတ်ကုန်မှာစိုးလို့ 
စည်းကမ်းဖေါက်ပေးနေကြလေရော့သလားလို့ 
အောက်မေ့မိတယ်။
နည်းနည်းရှည်သွားလို့ နားပါဦးမည်
ဒုတိယပိုင်းအား
ယခု ချက်ချင်း ဆက်တင်ပါမည်။
**********************;*****
မောင်တင့်တယ် အားခရက်ဒစ်ပေးပါသည်။ဲ
No comments:
Post a Comment