အမေ့အေးရိပ်ကို နားခိုပြီး တဖန်ပြန်လည် ပြုစုခွင့်ပြုပါ အမေ
****************************************************
အမျိုးဘာသာ သာသနာကိစ္စနှင့် ပရဟိတကိစ္စတွေကို တစိုက်မက်မက်လုပ်နေရင်းနဲ့ဘဲ ကျေးဇူးရှင်မွေးမိခင် မယ်တော်ကြီးအနားမှာမနေနိုင်ဖြစ်ခဲ့ရပါတယ်။ မယ်တော်ကြီးက အသက်(၈၃)ရှစ်ရှိပါပြီ။ လွန်ခဲ့သော(၅)နှစ်ခန့်ကမှ အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့တာပါ။ စာရေးသူနဲ့အတူနေတာ (၃)နှစ်ကျော်ရှိပါပြီ။ စာရေးသူ၏ အဘိုးက ချင်းလူမျိုး၊ အဘွားကရှမ်းလူမျိုးပင်ဖြစ်ငြားသော်လည်း အစ္စလာမ်ဘာသာဝင်များဖြစ်သည့်အလျောက် မယ်တော်ကြီးမှာလည်း အစ္စလာမ်ဘာသာအဖြစ် အသက်(၇၈)နှစ်ထိ ကျင်လည်ခဲ့ရပါတယ်။ စာရေးသူ၏ ဖခင်ခမည်းတော်ကတော့ ဗမာလူမျိုးစစ်ဖြစ်ပြီး မယ်တော်ကြီးနှင့် အကြောင်းပါသောအခါ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ပါတယ်။ ဒါ့ကြောင့် စာရေးသူက တချိန်က အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သော်လည်း ကုလားလူမျိုးမဟုတ်ပါဘူး။ လူမျိုးအနေနဲ့ အဖေ ဗမာ အမေ ရှမ်း/ချင်းကမွေးတာပါ။ ခမည်းတော်ကတော့ စာရေးသူ (၁)နှစ်သားကပင်ဆုံးပါသွားသည်ဟုသာ သိရပါတယ်။ မှတ်မိလောက်သော အရွယ်မဟုတ်သည့်အချိန်မဟုတ်သည့်အတွက် ယနေ့တိုင် မပီပြင်ဝိုးတဝါးရှိနေဆဲပါ။ (၃)နှစ်ကျော်လောက် အတူနေကြပေမယ့် စာရေးသူက မယ်တော်ကြီးထက် အမျိုးဘာသာ သာနာနဲ့ အများအတွက်ကိုသာ ဦးစာပေးလုပ်ဆောင်နေမိပြီ။ လောကတာဝန်ကျေသလို မိဘအပေါ်တာဝန်မကျေမှာကိုလည်း အမြဲစိုးရွံ့နေခဲ့တာပါ။ ဒါကြောင့် ဘယ်အရပ်ဒေသရောက်ရောက် မွေမိခင်မယ်တော်ကြီးကို အားရပါးရပြုစုခွင့်မရဘဲ သေဆုံးစွန့်ခွာသွားမှာလည်း တထိန့်ထိန့်ပါဘဲ။ အခုသင်္ကြန်ကာလကတော့ စာရေးသူအတွက် မယ်တော်ကြီးအနားအပြည်အဝ နားခိုခွင့်ရတော့မှာပါ။ ပြုစုခွင့်ရတော့မှာပါ။ ဒါကြောင့် မွန်းကြပ်လွန်းလှတဲ့ ဘဝပင်လယ် အတိုက်အခိုက် အထိုးအနက်တွေကြားက ရုန်းထွက်ပြီး ကလေးဘဝတုန်းကလို ပေါ့ပါးလွတ်လပ်တဲ့ အမေ့အေးရိပ်ကို နားခိုပြီး တဖန်ပြန်လည် ပြုစုခွင့်ပြုပါ အမေ။
ဦးအကုၤရ(လားရႈိး)
No comments:
Post a Comment