ပန်းချစ်သူ..........
ပန်းချစ်သူကတော့
ပန်းကို အလှကြည့် နေလျက်ပါ
သူချစ်သောပန်းလေး
ထာဝရလန်းဆန်းနေပါစေပေါ့
မခူးရက် မချူးရက်ပေနဲ့
နှလုံးသားအလွမ်းက
အနမ်းလေးတစ်ချက်လောက်တော့
အချက်ပြလိုက်ချင်မိတယ်
သို့သော်........
ပန်းလေး ညှိုးနွမ်းသွားမှာစိုးမိလို့
လေညှင်းလေ သယ်ဆောင်လာတဲ့
အပြုံးတွေကိုကြည့်ရင်
အလွမ်းတွေကို ဖြေသိပ်နေမိတယ်
No comments:
Post a Comment