Saturday, April 16, 2016

ကျွဲကျောင်းသားပုံပြင်

ကျွဲကျောင်းသားပုံပြင်
==================
ကျွဲကျောင်းသား တစ်ယောက်သည် ညနေစောင်း
နေဝင်ရီသရော အချိန်၌ တောစပ်၌လွတ်ထားသော
ကျွဲများကို ရွာသို့ပြန်မောင်းပြီး ယူဆောင်
ခဲ့သည်။
  ကျွဲအားလုံးကို ကျွဲပိုင်ရှင်၏ ခြံအတွင်းမောင်း
သွင်းပြီးသောအခါ ကျွဲအကောင်ရေကို
ရေတွက်ပြီးပြန်စစ်လေသည်။
ကျွဲကျောင်းသား ခေါင်းကြီးလေပြီ။
    မနက်က ခြံထဲမှ ထုတ်သွားစဉ်က ကျွဲသည်
(၁၀)ကောင် /အခု ပြန်သွင်းသောအခါ
၉ ကောင် ထဲဖြစ်၍နေသောကြောင့် ဖြစ်သည်။
ငါတော့ ဒုက္ခပဲ ပေးလျော်စရာလည်း မရှိ
ဘယ်လို လုပ်ရမှန်းမသိဖြစ်နေသည်။ထပ်မံ
ရေတွက်ပြန်သည်။၉ ကောင်သာတည်း။
ပြန်ရှာပြန်ရင်လည်း တောထဲတွင် အလင်းရောင်
လွန်စွာနည်းပါးနေသည် တွေ့ဘို့မလွယ် ။
ကျွဲကျောင်းသား ပြာယာခတ်ပြီ။
   စိုးရိမ်ကြောင့်ကြခြင်း ပူပန်ခြင်းကြီးစွာဖြင့်
ကျွဲကျောင်းသားသည် စီးလာသောကျွဲပေါ်
မှခုန်ဆင်း၍ ပြန်လည်ရေတွက်ပြန်သည်။
   ထိုသို့ပြန်လည်ရေတွက်သောအခါ ၁၀ ကောင်
ဟူသောအဖြေကိုရမှ ကျွဲကျောင်းသား သက်ပြင်း
ချနိုင်တော့သည်။
  သူစီးထားသော စီးကျွဲတစ်ကောင်ကို သူထည့်
မရေတွက်မိသော ကြောင့် တစ်ကောင်ပျောက်
နေသည့် သဘောကို သူ သဘောပေါက်
လေတော့၏။
  စီးကျွဲပျောက်နေခြင်းသည် အမှန်မရခြင်း၏
အကြောင်းတည်း။

(ဓမ္မပါလ-သူမရှိ ငါမရှိ စာစုမှ

No comments:

Post a Comment