Sunday, April 10, 2016

ဝန်းရံကြပါ ရွှေမြန်မာ

ဝန်းရံကြပါ ရွှေမြန်မာ
--------------------

ဒီရက်ပိုင်းမှာ ပြည်ပနိုင်ငံက ခလေးတွေရဲ့
ဥာဏ်ရည်ဥာဏ်သွေး မြင့်မားမှု့ကိုပြသနိုင်တဲ့
သက်သေတွေ ပေါ်ထွက်လာတယ်

၁၅ နှစ်သားလေးနဲ့  ဂြိုဟ်သစ်တလုံးရှာတွေ့ တယ်
ဆိုတဲ့သတင်းတွေ
အိန္ဒိယနိုင်ငံက ၁၅ နှစ်သားလေးကလည်း
တက္ကသိုလ်ပေါင်းများစွာက ဆုတွေကို သိမ်းကြုံး
ယူခဲ့တယ်ဆိုတဲ့သတင်းတွေ
၁၇ နှစ်သမီးငယ်လေးကလည်း သိပ္ပံပညာရှင်
များတောင်မတွေ့ နိုင်ခဲ့တဲ့ ဂြိုဟ်တွေရဲ့ သဘော
တရားတွေကို ဖေါ်ထုတ်နိုင်ဲ့တယ်ဆိုတဲ့ သတင်း
တွေကို ဆက်တိုက်ကြားနေရတော့ ခုခေတ်ခလေး
တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားပုံကို
အံ့သြဝမ်းသာခြင်းနဲ့ အတူ ကမ္ဘမြေကောင်းကျိုး
အတွက် များစွာအထောက်အကူဖြစ်စေခဲ့တယ်

မက် ဇူကာဘတ်ကလည်း ဖေ့ဘွတ်ကို တီထွင်ဖေါ်ထုတ်ခဲ့တာ အသက် ၃၀ ဝန်းကျင်
အရွယ်မှာတင်အောင်မြင်ခဲ့တယ် လူသားအားလုံး
အတွက် အကျိုးများစွာ ဖြစ်ပေါ်စေခဲ့တယ်
ငယ်ငယ်ရွယ်ရွယ်တွေနဲ့ ကြီးကျယ်တဲ့ အောင်မြင်
မှု့တွေကို ဆုပ်ကိုင်နိုခဲ့ကြတယ်

ဒါနဲ့ ဆက်စပ်လို့  စဉ်းစားမိခဲ့တာ တခုရှိတယ်

မြန်မာနိုင်ငံကရော အဲဒီလိုငယ်ငယ်ရွယ်ရွယ်
အောင်မြင်ခဲ့ကြတာ ရှိသလားပေါ့

ရှိပါတယ်

ဥရောပက ခလေးတွေလို ဥာဏ်ရည်ဥာဏ်သွေး
မြင့်မားတဲ့ခလေးတွေအများကြီးရှိပါတယ်

အသက် ၁၅ ဝန်းကျင်အရွယ်မှာ သာမဏေကျော်
ဖြေဆိုခဲ့တဲ့ ကိုရင်လေးတွေ မက်ဇူကာဘတ် အရွယ်မှာ လင်္ကာရဘွဲ့ အဘိဝံသဘွဲ့ 
အောင်သူတွေ တိပိဋက
အောင်မြင်တဲ့ ဆရာတော်တွေ ဟာ
တကယ်တော့ မဟာဥာဏ်ကြီးရှင်တွေပါပဲ
ဗုဒ္ဓတရားတော်ရဲ့ အတိမ်အနက်ကို မသိကြလို့ သာ မပေါ်လွင်ကြတာပါ

ဒါဟာ နှိုင်းယှဉ်တာမဟုတ်ပါဘူး
မြန်မာနိုင်ငံမှာလည်း လူတော်တွေ ဥာဏ်ကြီးရှင်
တွေ ရှိတယ်ဆိုတဲ့အကြောင်းကို ပေါ်လွင်အောင်
ရေးပေးတာပါ

ရုပ်ဝတ္တုတိုးတက်အောင် စွမ်းဆောင်ပေးတဲ့
ဥရောပက ကလေးတွေဟာ ချီးမွမ်းစရာ ကောင်း
သလို ဗုဒ္ဓတရားတွေကို သင်ယူပြီး ကမ္ဘာကြီး
ငြိမ်းချမ်းအောင် စွမ်းဆောင်ပေးနိုင်တဲ့ မြန်မာ
နိုင်ငံက သာမဏေလေးတွေ ရဟန်းတော်တွေ
ဟာလည်း ကြီးကျယ်တဲ့ တာဝန်ကို ထမ်းရွက်
နေကြပါတယ်လို့ ပြောချင်တာပါ

ဒီနေရာမှာ ဝမ်းနည်းစရာတခုရှိတယ်

ဥရောပက အရည်အချင်းရှိသူခလေးတွေကို
ပြည်သူတွေကရော နိုင်ငံတော်ကပါ ချီးမြောက်
ကြတယ် အားပေးကြတယ် အဲဒီတော့ ခလေးတွေ
ဟာ ထောက်ပံ့မှု့များစွာရပြီး ဥာဏ်ကိုအစွမ်းကုန်
ဖွင့်ထုတ်ခါ လောကကောင်းကျိုးသယ်ပိုးနိုင်တယ်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့
အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်က
အားပေးတာ နည်းသလို ပြည်သူတွေရဲ့ မြှောက်စားမှု့ကို သူတို့ တွေ မရရှိခဲ့ကြဘူး

အရည်အချင်းရှိပေမဲ့
ထောက်ပံ့မှု့အားနည်းတော့
ထင်သလောက် ကျယ်ပြန့် အောင်မစွမ်းဆောင်
နိုင်ကြဘူး

ကမ္ဘာ့ခလေးတွေရဲ့ ဦးနှောက်ထက်သာတဲ့
မြန်မာ့ခလေးတွေကို
ဝန်းရံကြပါ အားပေးကြပါ
ထောက်ပံ့ကြပါ မြေတောင်မြှောက်ပေးကြပါ လို့ 
တိုက်တွန်းပါရစေ

သူတို့ ခဗျာ
စိတ်ချမ်းသာစွာ
သာသနာမပြုနိုင်ဘူး

ပြောချင်တာက
ပြည်သူများ
မိမိတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့
သာမဏေလေးတွေ စာသင်သား ရဟန်းတော်
လေးတွေကို ပစ္စည်းလေးပါးနဲ့ 
နိုင်သလောက်ထောက်ပံ့ကြပါ
ကူညီကြပါ အားပေးကြပါ

သူတို့ တွေ
ဒီထက်မက ကြိုးစားနိုင်ကြလိမ့်မယ်ဆိုတာ
သေချာပါတယ်ဗျာ

ဗုဒ္ဓတရားတော်ရဲ့အတိမ်အနက်ကို ကမ္ဘာက
မသိကြသေးလို့ ပါ သူတို့ တွေ သိလာကြတဲ့
တနေ့ ကျရင် သာမဏေကျော် တို့ လင်္ကာရတို့ 
အဘိဝံသ တို့  တိပိဋက တို ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့
ဦးနှောက်ဟာ ဘယ်လို ဦးနှောက်မျိုးလည်းဆိုတာ
သူတို့ တွေ သိလာပါလိမ့်မယ်

share

share

No comments:

Post a Comment