“ခရစ်ယာန်တွေအားကောင်းလာရင်လဲ အဲဒီနယ်မြန်မာမပိုင်တော့ဘူး၊ သက်မွန်မြင့်တောင် ဘုရားတည်ခွင့်မရခဲ့ဘူးတဲ့”
=======================
ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကံမြင့်ရွာ ညောင်ပင်သာကျောင်းဆရာတော် ဦးဝိလာသဦးစီးဖွဲ့စည်းသော "မေတ္တာမွန်"ပရဟိတ ဝံသာနုရက္ခိတအသင်း ဖွဲ့စည်းခြင်းဆိုင်ရာ အမျိုးဘာသာသာသနာဟောပြောပွဲကို (15-3-2016)ရက် ည(7:00)က ညောင်ပင်သာကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်မဘသဥက္ကဌ ဆရာတော်ဦးစန္ဒောဘာသနှင့် တွဲဘက်အတွင်းရေးမှူး ဆရာတော်ဦးကုမာရတို့ ကြွရောက်ဟောပြောပါသည်။
သားငယ်/သမီးငယ်များအား ယဉ်ကျေးလိမ္မာသင်တန်း များပို့ဆောင်ကာ နှလုံးသားဝယ် ရတနာသုံးပါးတည်နိုင်ရေးနှင့် အမျိုးဘာသာသာသနာအန္တရာယ်များကို သတိထားစောင့်ကြည့် ကာကွယ်စောင့်ရှောက်ကြဖို့ လက်ရှိမြန်မာ့အခြေနေနှင့် ကမ္ဘာ့အခြေနေများကို ဥပမာပေးဟောပြောခဲ့ပါသည်။
အခု NLDက ရွေးချယ်ထားသော ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ခရဇ်ယာန်ဘာသာဝင်ဖြစ်ကြောင်း မဘသ(ဗဟို)ဦးဆောင်အဖွဲ့ ချင်းပြည်နယ် ဖလမ်းမြို့ ရေဘေးကယ်ဆယ်ရေးသွားစဉ် တစ်မြို့လုံးခရဇ်ယာန်တွေလွှမ်းမိုးထား၍ အဲဒီကသံဃာတော်များ ဆွမ်းခံစားမရကြောင်း ကျောင်းမှာပင်ချက်စားရကြောင်း ရုပ်ရှင်မင်းသမီးသက်မွန်မြင့်တည်မည့် ဘုရားမြေနေရာကို ခရဇ်ယာန်များကကန့်ကွက်၍ တပ်မြေနေရာကို စစ်တပ်ကပေးလို့ တည်ခွင့်ရကြောင်း လက်ဝါးကပ်တိုင်မှာ တောင်မြင့်မြင့် ကုန်းမြင့်မြင့်နှင့် လမ်းဆုံနေရာတိုင်း ရှိသော်လည်း ဗုဒ္ဓဘာသာအထိမ်းအမှတ် ဘာလုပ်လုပ်မရကြောင်း ဘာသာခြားများဟာ နောက်ဆုံးတော့ မိမိဘာသာ အကျိုးစီးပွားသာ ရအောင်ယူတတ်ကြောင်း ပစ္စည်းဥစ္စာ ပျောက်ကျ ပျက်စီးလျင် ပြန်ရှာလို့ရသော်လည်း ဘာသာသာသနာပျောက်ရင် ပြန်ရဖို့မလွယ်တော့ကြောင်း ဖလမ်းမြို့တို့ မြို့တော်ဟားခါးတို့မှာ ခရဇ်ယာန်လက်ကျရောက်သွားပြီးဖြစ်ကြောင်း နိုင်ငံရေးသမားအများစုဟာ အမျိုးဘာသာသာသနာချစ်မြတ်နိုးစိတ် အားနည်းတတ်၍ လာမည့်အစိုးရသစ် အဖွဲ့အစည်းကိုလည်း သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်းများ ဟောပြောခဲ့ပါသည်။
မင်းကျောင်း အရှင်စန္ဒောဘာသာ (ရမည်းသင်း)
No comments:
Post a Comment