Saturday, April 16, 2016

မင်းချည်းကောင်းလို့ မရဘူး ငါလည်းကောင်းမှရမယ်

မင်းချည်းကောင်းလို့ မရဘူး ငါလည်းကောင်းမှရမယ်
-----------------------------

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီ
ဆိုပြီး ပျော်ရွှင်ကြတယ် ခေါင်းဆောင်အပြောင်းအလဲလုပ်လို့  မူတွေကောင်းလာတော့မှာဖြစ်တဲ့အတွက် တိုးတက်ဖို့  သေချာပေမဲ့ လူတွေ ကောင်းဖို့ လည့်း လိုအပ်ပါသေးတယ်

အခု သင်္ကြန်ကို လေ့လာကြည့်မိတယ်

မြန်မာ့ယဉ်ကျေးမှု့ရဲ့ ဓလေ့ထုံးထမ်းအရ ချစ်စရာ
ကောင်းတဲ့သင်္ကြန်ဖြစ်ပေမဲ့ ယဉ်ကျေးမှု့တဲ့
ကျော်လွန်တဲ့ သင်္ကြန်ဖြစ်နေတာကတော့
ဝမ်းနည်းစရာကောင်းလှတယ်

သင်္ကြန်ရက်အတွက် ကြိုတင်ပြင်ဆင်ရတဲ့
တဦးချင်းစီကုန်ကျစရိတ် မူးယစ်သေစာကြောင့်
သီလပျက်မှု့ မလိုလားအပ်တဲ့ ငွေကြေးအလဟဿ ဖြုန်းတီးမှု့ စတဲ့ အရာတွေဟာ တိုင်းပြည်တပြည် ဆုတ်ယုတ်ဖို့ များစွာဖြစ်စေတယ်

ဂျပန်နိုင်ငံဟာ စစ်ပြီးတော့မွဲသွားတယ် ဒါပေမဲ့
နေမဝင်စီးပွားရေး  စတဲ့ ပြည်သူတွေ အလုပ်ပိုလုပ်
နိုင်အောင်း မူတွေချမှတ်ပြီး မအိပ်မနေ အလုပ်လုပ်ခြင်းအားဖြင့် တခဏလေးနဲ့ ပြန်ပြီး
ဦးမော့လာခဲ့တယ် ဒါဟာ ပြည်သူတွေရဲ့ အလုပ်
ပိုပြီး ကြိုးစားမှု့ကြောင့်ပါပဲ

ဆူနာမီဖြစ်တော့ ကမ်းခြေမှာ မီးခံသေတ္တာအလုံးပေါင်း လေးထောင်ကျော် နဲ့ 
အမေရီကန်ဒေါ်လာ ၇၅ သန်းကျော် ပြန်ရ ရှိတယ်
အဲဒါကို ဂျပန်ပြည်သူတွေက ရဲစခန်းပြန်အပ်ပြီး
ပိုင်းရှင်တွေဆီကို စနစ်တကျ ပြန်လည် အပ်နှံ ပေးခဲ့တယ် ဒါဟာ လူတယောက်ချင်းစီရဲ့ စာရိတ္တပိုင်းဆိုင်ရာ ပြည့်စုံမှု့ပါပဲ
အတုယူစရာ အရမ်းကောင်းပါတယ်

ဟော်လန်တို့  ဒိန်းမတ်တို့ မှာ ရာဇဝတ်မှု့တွေ
မရှိသလောက်ဖြစ်နေတဲ့အတွက် အကျဉ်းထောင်တွေ အကုန်ပိတ်လိုက်ရပြီ တဲ့

ကနေဒါမှာဆိုရင် အစိုးရ အရာရှိအရာထမ်းတွေကို
မဖြစ်မနေ တရားအားထုတ်ခိုင်းပြီး စာရိတ္တ မြင့်တင်ရေးတွေ လုပ်နေတယ် တဲ့ ဗုဒ္ဓတရားတော်
တွေကို သင်ယူကျငိ့သုံးကြရ တယ် တဲ့

တိုင်းပြည်တပြည်တိုးတက်ဖို့ ဆိုတာ ပြည်သူတွေ
စာရိတ္တပိုင်းဆိုင်ရာ ပြည့်စုံဖို့ အပြင် လုံ့ လ စိုက်ထုတ်ပြီး အလုပ်ပိုလုပ်ဖို့ လည်း လိုအပ်ပါတယ်

သင်္ကြန် မတိုင်ခင်ရက်တွေကတည်းက ကြိုတင်
ပြင်ဆင်ရတဲ့အချိန် နောက်ပြီး သင်္ကြန်ရက်တွေ နဲ့ 
သင်္ကြန်ပြီးတော့ လူပမ်း စိတ်ပမ်း ရက်တွေကို
ပေါင်းလိုက်ရင် တလလောက်ဟာ အလဿအချိန်ဖြုန်းပြီး တိုင်းပြည် ဆုတ်ယုတ်ဖို့ 
များစွာ အဟန့် အတားဖြစ်စေပါတယ်

မြန်မာ့ယဉ်ကျေးမှု့ လည်း မပျောက်အောင်
ယဉ်ကျေးသိမ်မွှေ့ တဲ့ သင်္ကြန်မျိုးပဲ ပြုလုပ်
သင့်ပါတယ်

ခေါင်းဆောင်ဘယ်လောက်ပဲကောင်းကောင်း
ပြည်သူတွေမကောင်းရင်လည်း တိုင်းပြည်ဟာ
ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး

အရင်အစိုးရမကောင်းခဲ့လို့  ဒီလိုဖြစ်ခဲ့တာဆိုရင်
အခု အစိုးရ ကောင်းလာပြီ အလုပ်ကိုလုပ်ဖို့ နဲ့ 
စာရိတ္တပိုင်း တိုးတက်ဖို့  အထူးလိုအပ်ပါတယ်

ဗုဒ္ဓတရားတော်အထွန်းကားဆုံးနိုင်ငံက
စာရိတ္တအပျက်ဆုံးဖြစ်နေတာကတော့
အမြင်မတော် ဆင်တော်နဲ့ ခလောက်ပါပဲ

တိုင်းပြည်တိုးတက်ဖို့  အစိုးရရော ပြည်သူကပါ တာဝန်ယူရမှာဖြစ်သလို

စာရိတ္တပိုင်းဆိုင်ရာတိုးတက်ဖို့  ဗုဒ္ဓတရားတော်တွေကိုခေါင်းဆောင်တွေရော
ပြည်သူတွေပါ ကျင့်သုံးဖို့ လိုအပ်ပါတယ်

ရန်ဖြစ်မနေကြပါနဲ့ တော့

မင်း မကောင်းလို့ တိုင်းပြည် ပျက်စီးခဲ့တာ မှန်ပါတယ်

အခု မင်းကောင်း လာပါပြီ

ငါကောင်းဖို့ ပဲ လိုအပ်ပါတော့တယ်

မြန်မာပြည်သူ ပြည်သားများ

နှစ်သစ်မှာ

လူသစ် စိတ်သစ် နဲ့ 

ဘဝတွေကို စကြနိုင်ပါစေလို့ 
ဆန္ဒ ပြု လိုက်ပါရစေ

              ဦးမြင့်ခိုင်

No comments:

Post a Comment