Monday, April 11, 2016

သာသနာပြုကြပါ

သာသနာပြုကြပါ
----------------

သာသနာပြုနည်း (၄) မျိုးရှိလေ၏။

၁။ ကမ္ဘာ့ သာသနာပြု-ပုံ၊
       (ကမ္ဘာအနှံ့ကို)  နိုင်ငံတကာကို လှည့်လည်၍ ကိုယ်ကျင့်သီလတွေ ကို ကောင်းစွာ ထိန်းသိမ်းဖို့၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမ အတိုင်း ကျင့်ကြံနေထိုင်ဖို့ ဟောကြားဆုံးမတာကို ကမ္ဘာ့ သာသနာပြုတယ်လို့ခေါ်တယ်။

၂။ မြန်မာ့ သာသနာပြု-ပုံ၊
         မြန်မာပြည်အနှံ့ မြန်မာ ပြည်သူ- ပြည်သား တွေကို ကိုယ့်ကျင့်သီလ ကောင်းအောင်နေထိုင်ကြဖို့၊ မြတ်ဗုဒ္ဓရဲ့ တရားတော်များအတိုင်း ကျင့်ကြံကြဖို့ လှည့်လည် ဟောကြားဆုံးမတာကို မြန်မာ့ သာသနာပြုတယ်လို့ ခေါ်ပါတယ်။

၃။ တစ်နိုင် သာသနာပြု- ပုံ၊
        - မိမိနှင့် ပတ်သက်နေကြသော ဆွေမျိုး- မိတ်ဆွေ၊ အပေါင်းသင်း သူငယ်ချင်းများ အား ကိုယ့်ကျင့်တရားကောင်းအောင်၊ ကိုယ့်ကျင့်သီလ စောင့်ထိန်းအောင် ဟောပြောဆုံးမ တာကို တစ်နိုင်သာသနာပြုတယ်ဟု ခေါ်တယ်။ 

၎။ ကိုယ်ပိုင် သာသနာပြု -ပုံ
            - မိမိကိုယ်တိုင် ကောင်းသောအကျင့်သီလနှင့် ပြည့်စုံအောင် စောင့်ထိန်း နေထိုင်တာကို ကိုယ်ပိုင်သာသနာပြု တယ်လို့ခေါ်တယ်။

      နိုင်ငံတကာကို (ကမ္ဘာကို)သာသနာ ပြုနိုင်အောင် ကြိုးစားကြပါ။ ကမ္ဘာ့ သာသနာမပြုနိုင်လျှင် မြန်မာ့ သာသနာပြုကြပါ။ မြန်မာ့ သာသနာကိုလည်း မပြုနိုင်သေးရင် တစ်နိုင်သာသနာ ပြုကြပါ။ တစ်နိုင်သာသနာကိုတောင် မပြုနိုင်ဘူးဆိုရင် ကိုယ်ပိုင်သာသနာလေးကိုတော့ ပြုနိုင်အောင် ပြုကြပါ။
" မဖြစ်မနေ ပြုကြပါ "။

                   • ချမ်းမြေ့ မြိုင်ဆရာတော် •• !

No comments:

Post a Comment