Sunday, April 10, 2016

မှားလေ့ရှိသော အင်္ဂလိပ်စာ အမှားများ - (၁၆)

မှားလေ့ရှိသော အင်္ဂလိပ်စာ အမှားများ - (၁၆)
********************************

ဒီတစ်ပတ်မှာလည်း Pronoun နဲ့ ပတ်သက်ပြီး မှားယွင်း သုံးစွဲမိတတ်တာတွေ ကို ဆက်လက် ရေးသား လိုက်ပါတယ်။

- They fell down and hurt theirselves. ×
- They fell down and hurt themselves. √
သူတို့လဲကျပြီးတော့ ထိခိုက်နာကျင်ကြတယ်။

• Reflexive pronoun တွေမှာ third person အဖြစ်သုံးတဲ့အခါ hisself, theirselves  စသည်ဖြင့် မတော်တဆ မှာယွင်း သုံးစွဲမိတတ်ပါတယ်။ himself, themselves ပုံစံဖြင့်သာ အသုံးပြုရပါတယ်။

- I have a brother which is at school.  လို့ မသုံးဘဲ
- I have a brother who is at school. √
ကျွန်တော်မှာ အစ်ကိုတစ်ယောက် ရှိပါတယ်။ သူက ကျောင်းမှာပါ။

• Which ကို သက်မဲ့တွေနဲ့ အကြောင်းအရာ၊ ကိစ္စတွေမှာ သုံးပြီး လူကိုညွှန်းတဲ့အခါ who ကို သုံးပါတယ်။ whose, whom စသည်တို့ကိုလည်း လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

- I heard everything what he said. လို့မပြောဘဲ
- I heard everything that he said. √
သူပြောသမျှ အားလုံးကို ကျွန်တော် ကြားခဲ့တယ်။

• Everything,  all တို့ရဲ့နောက်မှာ which, what စသည်တို့ကို မသုံးဘဲ that ကိုသာ အသုံးပြုပါတယ်။ something, anything, a lot (not much), little, noting တို့ရဲ့ နောက်မှာ that ကို အသုံးပြုနိုင် သလို မပါဘဲ တိုက်ရိုက်လည်း အသုံးပြုနိုင်ပါတယ်။

- I saw the woman whom you said lived next door.  လို့ မသုံးဘဲ
- I saw the woman who you said lived next door. √
ခင်ဗျား အိမ်ဘေးနားမှာ နေခဲ့တယ်လို့ ပြောတဲ့ အမျိုးသမီးကို ကျွန်တော် တွေ့ခဲ့တယ်။

• Modern English မှာ whom ကို အသုံးနည်းပါတယ်၊ ဒါပေမယ့် to, by, with, after, on စတဲ့ preposition တစ်ခုခုနဲ့ တွဲပြီးတော့ whom ကို သုံးလေ့ရှိပါတယ်။ ဥပမာ -
- The girl to whom you were speaking is Nigerian.
(ခင်ဗျား စကားပြောနေတဲ့ ကောင်မလေးက နိုင်ဂျီးရီးယား လူမျိုးပါ)

- It’s the best which I’ve seen.  လို့ မသုံးဘဲ
- It’s the best that I’ve seen. √
ကျွန်တော်တွေ့ဖူးတာမှာတော့ ဒါက အကောင်းဆုံးပါ။

• Superlative degree ရဲ့ အနောက်မှာတော့ who, whom, which စတာတွေကို မသုံးဘဲ that ကိုသာ အသုံးပြုပါတယ်။ ဒါပေမယ့် that မပါဘဲလည်း အသုံးပြုနိုင်ပါတယ်။

- Helen bought the same bag that me.  လို့ မသုံးဘဲ
- Helen bought the same bag as me. √
ဟယ်လင်က ကျွန်တော့်အိတ်နဲ့ အတူတူ ဝယ်ခဲ့တယ်။

• The same ရဲ့ နောက်မှာ that ကို မသုံးဘဲ as ကိုသာ သုံးပါတယ်၊ ဒါပေမယ့် that ကို မြှပ်ပြီးလည်း သုံးနိုင်ပါတယ်။ ဥပမာ - Mr. Smith ordered the same meal (that) he ordered before. (မစ္စတာ စမစ်က သူ အရင်က မှာထားတဲ့ အစားအစာနဲ့ အတူတူ မှာခဲ့တယ်။) တစ်ခါ တစ်ရံမှာတော့ thဆe same ရဲ့ နောက်မှာ that ကို သုံးတာမျိုးလည်း တွေ့ရတတ် ပါတယ်။ ဥပမာ - He wore the same clothes that he wore on Sunday. ( တနင်္ဂနွေနေ့က သူဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ အတူတူ သူ ဝတ်ဆင် ခဲ့တယ်။)

- Who of the two boys is taller?  လို့ မသုံးဘဲ
- Which of the two boys is taller? √
ကောင်လေး ၂-ယောက်ထဲမှာ ဘယ်သူက အရပ်ပိုရှည် သလဲ

• Interrogative pronoun (အမေးနာမ်စား) တွေမှာ ရွေးချယ်မှု ကို ပြောချင်တဲ့အခါ which ကို သုံးပြီး ယေဘုယျ မေးချင်တဲ့အခါ what ကို သုံးပါတယ်။ ဥပမာ - What is your telephone number? (မင်းရဲ့ ဖုန်းနံပါတ်က ဘယ်လောက်လဲ)

- Whom do you think will be chosen?  လို့ မသုံးဘဲ
- Who do you think will be chosen? √
ဘယ်သူ  ရွေးချယ် ခံရမယ်လို့ မင်းထင်လဲ

- Who do you think I saw yesterday?  လို့ မသုံးဘဲ
- Whom do you think I saw yesterday? √
မနေ့က ငါ ဘယ်သူ့ကို တွေ့ခဲ့တယ် မင်းထင်လဲ

• ပထမ ဝါကျမှာ Who က will be chosen ရဲ့ Subject ပုံစံဖြစ်ပြီး ဒုတိယ  ဝါကျမှာ Whom က I saw ရဲ့ object ပုံစံဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……

အောင်ကိုဦး (UMK)
Be the Best !

No comments:

Post a Comment