ခင်ဗျားဘာဖြစ်လို့ အစ္စလာမ်ဘာသာကိုစွန့်လိုက်တာလဲ
ဟုတ်ကဲ့
ကျွန်တော်မွေးကတည်းက မိဘ၂ပါးလုံးက
အစ္စလာမ်တွေပါ
အဲဒါကြောင့်လူမှန်းသိတတ်စ ကတည်းက
ကိုရ်အာန်နဲ့ထိတွေ့ခဲ့ရတယ်
အလ္လာဟ်ဆိုတာ
ကြားဖူးခဲ့တယ်
ပထမဆုံးကျွန်တော့အတွေးထဲ ဝင်လာတာ
အလ္လာဟ်ပဲ ခုထိလည်းရှိနေတယ်ပြောတယ်
တစ်ယောက်မှလည်းမမြင်ဖူးဘူး။ရှိနေတယ်
ဆိုရင်မြင်ရမယ်လေ။ အလ္လာဟ်ဘုရားရှိတယ်
ဆိုရင် လူတိုင်းဖူးမြင်ရသင့်တယ်လေ။
သူ့ဆီိမှာတန်ခိုးတော်အနန္တရှိနေတာပဲလေ။
လူတိုင်းဖူးမြင်နိုင်အောင် တန်ခိုးတော်နဲ့ဖန်ဆင်း
ပြလိုက်ရင်ရတာပဲ။အဲလိုပြနိုင်ရင် တကမ္ဘာလုံး
တောင်အစ္စလာမ်ဖြစ်ကုန်မယ်။
နောက်တစ်ချက် မူဆလင်တိုင်းမှာ အတိတ်ဘဝ
ဆိုတာမရှိဘူး။အလ္လာဟ်အလိုကျပဲ ဖန်ဆင်းခံရ
တာဒီိဘဝမှာလေ။ တစ်ချို့က ချမ်းသာတဲ့ဝမ်းထဲ
မှာဖန်ဆင်းခံရတော့ချမ်းသာကြတယ်။
တစ်ချို့က မွဲတဲ့သူတွေဝမ်းထဲမှာဖန်ဆင်းခံရ
တယ်။မွဲလိုက်တာ မနက်စာစားပြီိး ညစာစားဖို့မရှိ
ဘူး။ဖန်ဆင်းရင်တပြေးညီဖန်ဆင်းသင့်တယ်။
တစ်ချို့ဆိုဗိုက်ထဲကထွက်လာကတည်းက
အသက်တောင်ပါမလာပဲဖန်ဆင်းခံရတယ်။
ဘာအပြစ်မှမလုပ်ရသေးဘူး။
ကိုရ်အာန်ကိုငယ်ငယ်ကတည်းကဖတ်လာတယ်
သဘာဝမကျတာတွေအများကြီိးပါတယ်။
အဆိုးဆုံးက ကာရ်ဖိလည်း ဘုရားသခင် ဖန်ဆင်း ထားတာလေ။ တစ်ခါတည်းကာဖိရ်
မဖြစ်အောင်ဖန်ဆင်းလိုက်ရင်ပြီးတာပဲ ဘာလို့မဖန်ဆင်းတာလဲ။ အလ္လာဟ်ကတန်ခိုးတော်အနန္တရှိဆိုရင် ဖန်ဆင်းနိုင်ရမယ်လေ။
ပြောစရာတော့အများကြီိးပဲ။ ကိယာမတ်နေ့က
ဘယ်တော့လဲ ဘယ်သူမှမသိဘူး။ ဘယ်အတိုင်းအတာထိစောင့်ရမလဲ ကိုရ်အာန်ထဲ
မပါဘူး။ အခုချိန်ထိ ဂျန္နသ်ကိုပဲဖြစ်ဖြစ် ဂျဟာန္နမ်
ကိုပဲဖြစ်ဖြစ် သေပြီိးတဲ့မူဆလင် တစ်ယောက်မှ
မရောက်သေးဘူး။ဘယ်အချိန်ထိစောင့်ရမလဲ
ဘယ်သူမှမပြောနိုင်ဘူးလေ။ သေချာစဉ်းစား
လေလက်တွေ့မကျလေပဲ။
အခုဆိုကြည့်လေ။ တကမ္ဘာလုံးဘယ်သူတွေ
ဒုက္ခပင်လယ်ဝေနေသလဲ။ မူဆလင်တွေပဲလေ။
ဘာသာရေးမလိုက်နာလို့လား မဟုတ်ဘူး။
မူဆလင်တိုင်းတစ်ရက်၅ခါဝတ်ပြုနေကြတာပဲ
ဒါပေမယ့်မအေးချမ်းကြဘူး။
ကြာလာတော့သံသယတွေများလာတယ်။
နောက်ဆုံးတော့စွန့်ခွာလိုက်တယ်။ပြောစရာ
တွေတော့အများကြီးပဲ
photo-crdit
Credit -- Mosete Zaw Lin
No comments:
Post a Comment