*တနည်း*သီလ (၄) မျိုးပြားပုံ
၁) ပါတိမောက္ခသံဝရသီလ- ပါတိမောက်၌လာသော သိက္ခာပုဒ်တို့ကို အဏုမြူမျှ လောက်သောအပြစ်ကို ဘေးဟုရှုလျက် လုံခြုံစွာ ဆောက်တည်ကျင့်သုံးအပ်သော
သီလသည် ပါတိမောက္ခသံဝရ သီလမည်ပါသည်။
၂) ဣန္ဒြိယသံဝရသီလ- စက္ခုနြေ္ဒအစရှိသော ဣနြေ္ဒတို့၌ လုံခြုံစွာ စောင့်ထိန်း အပ်သော သီလသည် ဣန္ဒြိယသံဝရသီလမည်ပါသည်။
၃) အာဇီဝပါရိသုဒ္ဓသီလ- အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်အပ်သော သိက္ခာပုဒ်တို့ကို မလွန်ကျူးမူ၍ မကောင်းမှုတို့ဖြင့်အသက်မွေးခြင်း
မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်ခြင်း ဝိရတီသီလသည် အာဇီဝပါရိသုဒ္ဓိသီလမည်ပါသည်။
၎) ပစ္စယသန္နိဿိတသီလ-အချမ်းအပူစသည်ကို ဖျောက်ခြင်းငှာ ပညာဆင်ခြင်ပြု၍
သုံးဆောင်ရသော ပစ္စည်းလေးပါး၌ ပညာဆင်ခြင်မှုပြုလျက် လိုက်နာသုံးဆောင် အပ်သော သီလသည် ပစ္စယသန္နိဿိတသီလမည်ပါသည်။
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ
သီလနိဒ္ဒေသပိုင်း
No comments:
Post a Comment