"သိုက်ဝေးငှက်တို့ အိမ်အပြန်"
~~~~~~~~~~~~~~~
သင်္ကြန်နီးပြီမို့
အပြန်ခရီးနှင်ကြ ငှက်တွေလို ...။
အခါ ခွင့်ရှည်နဲ့
လာသင့်ပြီကွဲ့ ပျော်အတွေးပိုလို့
မျှော်ငေးကြို တဲ့ မိဘအို ...။
ဘဝ သာယာအတွက်ပေမို့
ဓနအစာရှာထွက်နေရပေမဲ့
မက်မပြေလှတဲ့ အေးရိပ်စို
ပြေးအိပ်ခို ပြန်ကာနား ...။
မြိုင်ဝေဆာ
ခိုင်ရွှေညှာ ပန်းပိတောက်တွေက
လမ်းတစ်လျှောက်မှာ မြူးးကြွပါလို့
တံခူးလအခါတော် တေးအလှတွေနဲ့
ဝေးသမျှ ဆွေးသမျှ အပန်းဖြေဖို့တဲ့
အလွမ်းပြေ ဒို့ ဌာနေအဝင်လမ်းမှာ
ရွှင်လန်းစွာ နဂိုအလှတွေနဲ့
ညို မြမေ မဝေးစေကြောင်းရယ်
အေးရေလောင်း တား ...။
စာပေရွာ မောင်သက်ဆွေ
(အဝေးရောက် အိမ်အပြန်ငှက်များစွာအတွက်
ရင်ဘတ်နှင့်ရေးသည်။9-4-2016/2:41PM)
No comments:
Post a Comment