Sunday, April 17, 2016

ပရိတ်အစွမ်းထက်ဖို့

ပရိတ်အစွမ်းထက်ဖို့ 
----------------------

ပရိတ်အစွမ်းထက်စေရန်
ပရိတ်ရွတ်သူ အင်္ဂါ သုံး တန်နှင့်
ပရိတ်နာသူ အင်္ဂါ သုံးတန် ပြည့်စုံရမည်

ပရိတ်ရွတ်သူ အင်္ဂါ သုံးတန် မှာ

၁ = ပုဒ် ပါဋ္ဌ် အက္ခရာ ကို မှန်မှန်ကန်ကန် ရွတ်တတ်ရမည်

၂  =  ထို ပုဒ် ပါဋ္ဌ် အက္ခရာ၏ အဓိပ္ပါယ်ကိုလည်း
         သိ သိ ပြီး ရွတ်ရမည်

၃  =  ပရိတ်နာသောသူအပေါ်၌ သနားသည့်
         ဂရုဏာ စိတ် အကျိုးလိုလားသော   မေတ္တာ
         စိတ်မျိုး ထားပြီးရွတ်ရမည်

ပရိတ်နာသူ အင်္ဂါ သုံး တန်မှာ

၁  =  ကံကြီးထိုက်သူ မဖြစ်စေရ

၂  =  မိစ္ဆာဒိဋ္ဌိ အယူ မရှိစေရ

၃  =  မယုံကြည်သူ မဖြစ်စေရ

share

No comments:

Post a Comment