ကျောင်းသားကိစ္စ မရေးတော့ဘူးနေနေတာ ဆရာ ကောင်းသန့်ရဲ့ ထောက်ပြချက်လေးတွေက အစွန်းလည်းမရောက် သေချာရေးပြသွားတဲ့ post လေးဖြစ်ပြီး ကျောင်းသားတွေ မသိတဲ့ တစ်ချို့အရာတွေပါ ပြည့်စုံအောင် ရေးပြထားတာမို့ သဘောကျမိပြီး အများဖတ်နိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။ ဆရာ့စာလေး ဖတ်ပြီး ကျောင်းသားများ ဥာဏ်ဖွင့်ပြီး လူလို တွေးနိုင် နားလည်နိုင်ကြပါစေ။
(ရေးသူ - စာရေးဆရာ ကောင်းသန့် )
သားတို့သမီးတို့
မင်းတို့ဟာ တက်ကြွနိုးကြားပြီး သတ္တိရှိကြတဲ့လူငယ်တွေဖြစ်တယ်။အနာဂတ်အတွက် အားထားရမဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းသင်ယူလေ့လာပြီး အခြေအနေအချိန်အခါကို သိမြင်တတ်ဖို့အရေးကြီးတယ်။
မင်းတို့တွေဟာ ညံ့ဖျင်းတဲ့ပညာရေးစနစ်ကို မကြိုက်လို့
စင်အာဏာရှင်တစ်ပိုင်းအစိုးရကို သတ္တိရှိရှိနဲ့ တွန်းလှန်ဆန္ဒပြခဲ့ကြတယ်။
စစ်အာဏာရှင်အစိုးရကို မုန်းနေတဲ့ပြည်သူတွေက မင်းတို့ကိုထောက်ခံပြီး သူရဲကောင်းတွေအဖြစ်မြှောက်စားခဲ့ကြတယ်။
တကယ်တော့ဒီအချိန်မှာ မင်းတို့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ပါလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်နားအထိ ရောက်မျှားခေါ်လာခဲ့တာ။မင်းတို့ကိုဖြိုခွဲချင်ရင်
မန္တလေးမှာထဲက အကုန်ထောင်ထဲထည့်လို့ရတယ်။ မင်းတို့ထက် အဆမတန်အင်အားကြီးမားတဲ့၈၈ အရေးအခင်းကြီးကိုတောင် အလွယ်တကူဖြိုဖျက်နိုင်တဲ့ ရက်စက်တဲ့စိတ် အာဏာကိုထိပါးရင် ဘုန်းကြီးတောင် မရိုသေမလေးစားမသနားတတ်ဘူးဆိုတာ လက်တွေ့ပြခဲ့ပြီးဖြစ်တယ်။
မင်းတို့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ပါလာရင် တစ်တိုင်းပြည်လုံးပါလာမယ်။
အဲဒီတော့ပစ်ခတ်နှိမ်နှင်းပြီး ထောင်ထဲထည့်ပစ်လိုက်မယ်။
ရွေးကောက်ပွဲလုပ်ပေးစရာမလိုတော့ဘူးပေါ့။
ဒါကိုသိနေကြတဲ့ နိုင်ငံရေးအပါးဝ နေကြတဲ့သူတွေက
ထောက်ချောက်ကိုရှောင်ပြီး ရွေးကောက်ပွဲကိုဦးတည်ကြိုးစားခဲ့ကြတယ်။
မင်းတို့ကိုတောင်းတဲ့ ပညာရေးလိုလားချက် ၁၁ ချက်တဲ့ အရေးကြီးတာတွေ အများကြီးရှိနေလို့ မင်းတို့နောက်ကပါ မလာခဲ့ကြတာပါ။
ကျောင်းသားဆိုရင် အစဉ်အလာအရ ချစ်ခင်အားကိုးကြတဲ့သူတွေက မင်းတို့နောက်မှာ ဘဝတွေရင်းပြီး ထောက်ခဲလိုက်ပါကြတယ်။
မင်းတို့ထောင်ကြတော့ သူတို့လည်း ထောင်ထဲရောက်ကြရတယ်။
တကယ်တော့ အဲ့ဒီအချိန်မှာ လုပ်ရမှာက ရွေးကောက်ပွဲကို အပြတ်သတ်အနိုင်ရအောင် လုပ်ကြရမှာ။
ဒါမှ သွေးထွက်သံယိုကင်းတဲ့ အပြောင်းအလဲဖြစ်မှာ။
မင်းတို့သာ အဲ့ဒီအချိန်မှာအပြင်မှာရှိကြရင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(သို့) ပြည်သူ.ပါတီအတွက်အင်
အားတစ်ရပ် ဖြစ်နိုင်ပါတယ်။
တို့တွေအားလုံးရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနိုင်ရပြီး စစ်အစိုးရကို ဖယ်ရှားနိုင်ဖို့ သေလုအောင် ကြိုးစားခဲ့ကြတယ်။အိုနာကျိုးကန်း လူမမာတွေတောင် မကျန်ဘဲ မဲရုံရောက်အောင်သွားကြတယ်။နိုင်ငံခြားနေတဲ့သူတွေလည်း
အဲ့ဒီနေ့မှာ မဖြစ်မနေမဲသွားထည့်ကြတယ်။
တတိုင်းပြည်လုံး အုံးအုံးကြွက်ကြွက်တက်တက်ကြွကြွ ကြိုးစားခဲ့ကြလို့ ပြည်သူ့ပါတီက မဲအပြတ်အနိုင်ရလို့ ပျော်ခဲ့ကြရတယ်။
ဒါတောင် အာဏာလွှဲပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တထိတ်နဲ့ အိပ်မပျော်နိုင်ဖြစ်ခဲ့ကြရသေးတယ်။
ဒို့တွေရဲ့နိုင်ငံရေးနိုးကြားမှုအသိစိတ်နဲ့ တို့လိုချင်တဲ့ အစိုးရကို ဒို့တင်ခဲ့တာ။
အဲ့ဒီအစိုးရနောက်မှာ အာဏာရှင်အဆွယ်အပါး လူအနည်းငယ်ကလွဲလို့ ဒို့ပြည်သူ တစ်ရပ်လုံးရှိနေတယ်ဆိုတာ သားတို့သမီးတို့ သိထားမှ အခြေအနေမှန်ကိုနားလည်မှာ။
ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အာဏာရပြီး ၁၀ရက်မပြည့်ခင်မှာ မင်းတို့ကိစ္စကို အရေးတကြီး ကိုင်တွယ်ခဲ့တယ်။
အဲ့ဒီအချိန်မှာ ယခင်အစိုးရကအမှုတွေကို ပြီးအောင်စစ်ပြီး ပြစ်ဒဏ်ချလို.ရရဲ့သားနဲ့ မင်းတို့ကို ဓါးစာခံအဖြစ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြပ်ကိုင်ဖို့ အပေးအယူလုပ်ဖို့ကြံစည်ခဲ့တယ်။ဒါတွေ မင်းတို့မသိခဲ့ကြဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်းခေါင်းထဲမှာထည့်ထားတော့ ဖြစ်နိုင်ရင်တပ်မတော်နဲ့ အတိုက်အခံမလုပ်ချင်ဘူး။
ဒါပေမဲ့ မင်းတို့ကိစ္စမှာ ဒ်ါအောင်ဆန်းစုကြည်ဟာ မလွဲမရှောင်လို့ သူ့လုပ်ပိုင်ခွင့်နဲ့ ဇွတ်လုပ်ခဲ့တယ်။
ဒါတွေကို သားတို့သမီးတို့မသိချင်နေမယ်။တစ်တိုင်းတစ်ပြည်လုံး သိကြတယ်။
မင်းတို့အတွက် ဒီလိုဇွတ်လုပ်လိုက်ရတာဟာ နိုင်ငံရှေ့ရေးအတွက် မကောင်းမှန်းသိလို့ တို့တွေစိုးရိမ်စိတ်ဖြစ်ခဲ့ကြရတယ်လေ။
ဒီလိုမှမလုပ်ရင်လည်း မင်းတို့အပြင်ရောက်ဖို့က ကြာဦးမှာလေ။စာသင်ခန်းထဲမှာရှိရမဲ့အစား ထောင်ထဲရောက်နေတာ
ဘယ်မိဘကမှ စိတ်မကောင်းကြပါဘူး။
မင်းတို့လွတ်ပေးဖို့ ဒို့စာရေးဆရာတွေ ဂျာနယ်ထဲမှာ အကြိမ်ကြိမ်ရေးခဲ့ပေမဲ့ မလွတ်ပေးခဲ့ဘူးလေ။မင်းတို့က သူတို့အတွက်အကောင်းဆုံး ဓါးစာခံပဲလေ။
မင်းတို့ထွက်လာတော့ ပြင်ပနိုင်ငံရေးအခြေအနေမှန်ကို မသိဘဲ စစ်အာဏာရှင်အစိုးရကို ပြောရမဲ့အတိုင်း ပြောချလိုက်တော့ ပြည်သူတွေက မင်းတို့ကိုမုန်းရော။မင်းတို့ကို သူရဲကောင်းတွေလိုမြှောက်စားခဲ့ကြတဲ့ သူတွေက မင်းတို့ကို ဝိုင်းဆဲကြတော့တာပဲ။အဲ့ဒီတော့ ဆရာစိတ်မကောင်းဘူး။မင်းတို့ဟာ ပြည်သူက ဝိုင်းအဆဲခံရမဲ့ ကျေားသားတွေမဟုတ်ဘူး။တို့အားထားရမဲ့ အနာဂတ်ခေါင်းဆောင်လောင်းတွေပါ။
ကျောင်းသားတွေဟာ စစ်အာဏာရှင်အစိုးရကို တော်လှန်ထကြွဆန္ဒပြတယ်ဆိုရင် သူရဲကောင်း။
ကျောင်းသားတွေဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဆန့်ကျင်ရင်တော့ စစ်အာဏာရှင်
လက်ပါးစေ၊ကွန်မြူနစ်လက်သစ် အဖျက်သမားလို့ပဲ မြင်ကြလိမ့်မယ်ဆိုတာ သားတို့ကိုကြိုသိစေချင်တယ်။
သားတို့သမီးတို့မှာလည်း ဘဝနဲ့ရင်းပြီးရလာတဲ့ သင်ခန်းစာတွေ အများကြီးမို့ အခြေအနေအချိန်အခါနဲ့ အမှန်အမှားကို ခွဲခြားနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပြည်သူတွေ မယုံကြည်မထောက်ခံရင် ဘယ်အဖွဲ့အစည်းမှ ကြာရှည်ရပ်တည်လို့မရဘူးဆိုတာ သမိုင်းသင်ခန်းစာတွေ ရှိပြီးသားပါ။
ကွန်မြူနစ်စိတ်ဓါတ်နဲ့ ဘယ်အစိုးရတက်တက် မယုံကြည်ပဲ
ဆန့်ကျင်ပြောဆိုရေးသားမိလို့ ထောင်ထဲမှာ နှစ်၂၀ကျော်ကျော် နေသွားခဲ့ရတဲ့ လူတော်လူကောင်းတစ်ယောက် ရှိခဲ့ဘူးတယ်။မြန်မာ့နိုင်ငံသမိုင်းကို ပြန်ဖတ်ကြည့်ရင် တွေ့မှာပါ။
စာအတော်ရှည်သွားပြီမို့ နိဂုန်းချုပ်ပါတော့မယ်။
ဆရာက သမီးလေးဖတ်ဖို့စာအုပ်တွေ ရေးပြီး လူငယ်တွေဘက်က အမြဲရပ်တည် လမ်းညွှန်ရေးသားပေးနေတဲ့ စာရေးဆရာ ကောင်းသန့်ပါ။
ပါးစပ်မှာခဲဖျက်မပါမှန်းသိလို့ စကားပြောအရမ်းဆင်ခြင်
ရသလို အရေးအသားကိုလည်းအမှားမပါအောင် အထူးဂရုစိုက်ရေးနေရပါတယ်။
အခုအချိန်မှာ facebook ပေါ်မှာ အပြောမှားအရေးမှားရင် အဆဲ
ခံရတတ်တယ်ဆိုတာ သားတို့သမီးတို့ကိုသိစေချင်တယ်။
အထူးသဖြင့် ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ
အပေါ်မှာ ခုချိန်မှာ ဝေဖန်ပြစ်တင်ဖို့ထက် နားလည်ယုံကြည် ရပ်တည်ပေးဖို့လိုတယ်။တစ်ဘက်က အပြစ်တင်ဖြိုခွင်းဖို့ ချောင်းနေတာ။ဒီတစ်ခါ ဒို့ပြည်သူ အစိုးရပြိုလဲသွားလို့ကတော့ ဒို့တွေစစ်ကျွန်ဘဝပြန်ရောက်သွားပြီး တစ်သက်လုံးလွတ်လမ်းမမြင် ဖြစ်သွားလိမ့်မယ် ဆိုတာ ယုံ ။
လူငယ်တွေအကျိုးအမြဲလိုလားတဲ့
မင်းတို့ကိုချစ်တဲ့
ကောင်းသန့်
thanks to Martin Swe
No comments:
Post a Comment