စာရေးဆရာ ကျော်ရင်မြင့် ဘာလဲ ဘယ်လဲ
🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆
ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ
စာရေးဆရာ ကျော်ရင်မြင့်ရဲ့ ဖိနပ်စီးပါရစေ
ဆောင်းပါးက မလိုအပ်ဘဲ ဘာသာတရားကို ဆွဲထည့်ထားတယ်လို့ မြင်ပါတယ်။
ရုံးလုပ်ငန်းတွေမှာ အာဏာရှင်ဆန်တာ ပြောချင်ရုံနဲ့ ရုံးခန်းထဲက ဘုရားကျောင်းဆောင်ကို မျက်စောင်းမထိုးပါနဲ့။
ဒါဗုဒ္ဓဘာသာ မြန်မာနိုင်ငံပါ။ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုရုံနဲ့ ဘုရားကျောင်းဆောင်ကို ဖယ်မပေးနိုင်ပါဘူး။
ထပ်ပြောပါ့မယ်။ ဆောင်းပါးရေးသူကျေနပ်လို့ အိမ်ဦးခန်းမှာ ဘာသာပေါင်းစုံတင်ထားတင်ထား နိုင်ငံတော်ရဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ဘာသာဟာ ဗုဒ္ဓဘာသာပါ။
ပိုရှင်းအောင်ပြောရရင် ဗုဒ္ဓဘာသာဟာ
နိုင်ငံတော်ဘာသာဖြစ်ကြောင်း အက်ဥပဒေအခိုင်အမာနဲ့
ပြဋ္ဌာန်းခဲ့တာ ဒီနေ့အထိ တည်ဆဲပါပဲ။
ဒါကြောင့် ဆောင်းပါးရေးရင် လွတ်လွတ်ကင်းကင်းရေးပါ။ လွတ်လွတ်ကင်းကင်းမရေးလို့ မလိုလားအပ်တာတွေဖြစ်လာရင် ဆောင်းပါးရှင်နဲ့
ကြေးမုံစာတည်းအဖွဲ့မှာ တာဝန်ရှိမှာဖြစ်ကြောင်း။ ။
လက်ယာ (မေတ္တာတံခွန်)
၆ ဧပြီ ၂၀၁၆။
No comments:
Post a Comment