Thursday, April 7, 2016

မတွေးရဲပါဘူး

မတွေးရဲပါဘူး
°°°°°°°°°°°°°°
••••••••••••••••      

      (၁)
ကျွန်တော် ရဲ တစ်ယောက်မို့
Uniform သာအမြဲဆင်ဝတ်နေရတဲ့အခါ
ခေတ်မှီတဲ့ဒီဇိုင်းနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ကောင်လေးတွေကိုများ
သူ  မျက်စိကျသွားလေမလား
ကျွန်တော်မတွေးရဲဘူး……
       (၂)
နေ့ည မပြတ်တဲ့ Duty တွေရဲ့
နောက်ဆက်တွဲအကျိုးဆက်ကြောင့်
ဖြစ်ပေါ်လာတဲ့ပင်ပန်းမှုတွေနဲ့
ချိုသာတဲ့စကားလုံးတွေမပြောနိုင်တဲ့အခါ
သာယာတဲ့စကားလုံးတွေပြောတဲ့ဘက်ကို
သူပြောင်းသွားလေမလား
ကျွန်တော်မတွေးရဲဘူး……
       (၃)
ရုံးပိတ်ရက်မရှိ
၂၄ နာရီတာဝန်ထမ်းဆောင်နေရတဲ့ဘဝမို့
ဝန်ထမ်းတိုင်းရုံးပိတ်တဲ့
နေ့ထူးနေ့မြတ်တွေမှာတောင်
သူမအပေါ်အချိန်မပေးနိုင်တဲ့အခါ
အတူလည်ပတ်မယ့်နေရာတွေကို
အခြားတစ်ယောက်နဲ့သူအစားထိုးလိုက်လေမလား
ကျွန်တော်မတွေးရဲဘူး……
       (၄)
ခေါင်းပေါ်ကဆံပင်တောင်
မပိုင်တဲ့ဘဝမိုလို့
ဆံပင်တိုတိုနဲ့ဘိုကေ အစား
ခေတ်မှီဆံပင်ပုံစံလေးတွေနဲ့
သူအစားထိုးသွားလေမလား
ကျွန်တော်မတွေးရဲဘူး……
      (၅)
ကုန်ဈေးနှုန်းတွေတက်နေတဲ့ဒီခေတ်မှာ
ကျွန်တော်ရတဲ့လစာလေး နည်းနည်းကြောင့်
သူ့အပေါ် ပြည့်ပြည့်စုံစုံထားနိုင်ပါ့မလားဆိုတဲ့
အတွေးများသူဝင်သွားလေမလား
ကျွန်တော်မတွေးရဲဘူး……
      (၆)
တာဝန်ကအဓိကမိုလို့
သူမနဲ့ချိန်းထားတဲ့နေရာတွေကို
ကျွန်တော်မသွားနိုင်တဲ့အခါ
သူမအခြားတစ်ယောက်ယောက်နဲ့
အစားထိုးလိုက်လေမလား
ကျွန်တော်မတွေးရဲဘူး……
      (၇)
ရဲဆို အမြင်မကြည်တဲ့ပြည်သူအများစုအကြား
သူ့ဆွေမျိုးတွေပါလို့
ကြားလေသွေးစကားတွေကြောင့်
ကျွန်တော့်ပေါ်အမြင်များပြောင်းသွားလေမလား
ကျွန်တော်မတွေးရဲဘူး……

ကျွန်တော့်အတွက်ကတော့
ပြောင်းလဲမရနိုင်နဲ့အခြေအနေတွေအောက်မှာ
မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်နေရင်း
သူမပြောင်းလဲသွားလေမလားလို့
ဟူး……………
ကျွန်တော်မတွေးရဲဘူး...

#credit  ခေးသုခစံ

No comments:

Post a Comment