Saturday, April 16, 2016

ရှုကွက် ဆယ့်တစ်မျိုး။

ရှုကွက် ဆယ့်တစ်မျိုး။
---------------------

ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို ရှုတဲ့နေရာမှာ
ဘယ်လိုသဘောမျိုးမြင်အောင် ရှုရမလဲ။
ဘာကို မြင်အောင် ရှုရမလဲ။

ဒီမေးခွန်း အတွက်လည်း အဖြေရှိပြီးသားပါ။

"အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော
သလ္လတော အဃတော အာဗာဓတော ပရတော
ပလောကတော သုညတော အနတ္တတော"တဲ့။

ရှုကွက် (၁၁) မျိုး အရှင်သာရိပုတ္တရာ
ဟောပြလိုက်တယ်။

"ငါ့ရှင် ကောဋ္ဌိက သီလရှိသောရဟန်း
ဗဟုသုတနဲ့ ပြည့်စုံသော ရဟန်းသည်
ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍
ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍
ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍
သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍
ဆိတ်သုဉ်းသောတရားဟူ၍ အနတ္တ
အနှစ်သာရမရှိဟူ၍ အသင့်အားဖြင့်
နှလုံးသွင်းအပ်ကုန်၏။"

လို့ ဖြေကြားပါတယ်။

ဘုန်းကြီးတို့ ပရိသတ် ရှုမှတ်ရမယ်။
မြင်အောင်ကြည့်ရမယ်။
ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးကို…

၁။မမြဲဘူးလို့ မြင်ရမယ်။
၂။ဆင်းရဲတယ်လို့ မြင်ရမယ်။
၃။ရောဂါလို့ မြင်ရမယ်။
၎။အနာလို့ မြင်ရမယ်။
၅။ဆူးငြောင့်အနေနဲ့ မြင်ရမယ်။
၆။ပင်ပန်းဆင်းရဲမှုလို့ မြင်ရမယ်။
၇။နာကျင် ခံခက်တယ်လို့ မြင်ရမယ်။
၈။သူစိမ်းတရံစာလို့ မြင်ရမယ်။
၉။အပျက်တရားလို့ မြင်ရမယ်။
၁၀။ဆိတ်သုဉ်းနေတဲ့ သုညလို့ မြင်ရမယ်။
၁၁။အတ္တ အနှစ်သာရ မရှိဘူးလို့ မြင်ရမယ်။

အဲဒီအမြင်မျိုးတွေ မြင်လာအောင် အားထုတ်
ကျင့်ကြံရပါမယ်။ ဒါဟာ ရှင်သာရိပုတ္တရာ
ကိုယ်တော်မြတ်ကြီးက လမ်းညွှန်လိုက်တဲ့
ရှုကွင်း ရှုကွက်တွေပါပဲ။

အရှင်မြတ်ပြလိုက်တဲ့ တရားရှုကွက်
(၁၁) မျိုးပေါ့။

ဓမ္မဒူတ ဆရာတော်
ဒေါက်တာအရှင်ပညိဿရ။

လိုရင်းတိုရှင်း ဝိပဿနာ စာအုပ်မှ
ကူးယူမျှဝေ ပူဇော်ပါသည်။

No comments:

Post a Comment