Monday, April 18, 2016

ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး၏ ပုံရိပ်များ နှင့် သြ၀ါဒတော်များ

ယနေ့နံနက်က ပျံလွန်တော်မူသော ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး၏ ပုံရိပ်များ နှင့် သြ၀ါဒတော်များ

အမြတ်ရအောင် ရောင်းရတယ်။
•••••••••••••••••••••••••••••

ဈေးရောင်းသူဟာ အရင်းအတိုင်းရအောင်ရှုံးအောင်ရောင်းတာမဟုတ်။ အမြတ်ရအောင် ရောင်းတာဖြစ်တယ်။

ဒီလိုပဲ၊ ဗုဒ္ဓသာသနာနဲ့ ကြုံကြိုက်တုန်းလူဖြစ်နေသူတွေဟာ အရင်းနဲ့လည်း
မကျေနပ်သင့်ဘူး။ ရှုံးလည်း မရှုံးသင့်ပါဘူး။
အမြတ်ရအောင် ကြိုးစားရမယ်။

နောက်ဘဝလူဖြစ်ပြန်ရင် အရင်းအတိုင်းပဲ။
အပါယ်ကျရင်တော့ ရှုံးတာပဲ။ နတ်ပြည်၊
ဗြဟ္မာပြည် ရောက်ရင်တော့ အမြတ်ရတာပဲ။

ဒါပေမယ့် အဲဒီအမြတ်က အာမခံချက် မရှိတဲ့အမြတ်ပဲ။ အပါယ်အတွက် အာမခံချက်
မရှိသေးဘူး။ နိဗ္ဗာန်ကတော့ အကောင်းဆုံးအမြတ်ပဲ။

●●●●●●○○○○○○●●●●●●○○○○○○

သာသနာ (၃) မျိုး။
••••••••••••••••••

သာသနာ (၃) မျိုးရှိတယ်။
၁။အသေသာသနာ၊
၂။အရှင်သာသနာ၊
၃။သန်မာ သာသနာ တဲ့။

ဘုရား ဥပဒေတော်တို့ကို မလိုက်နာယူသန္တာန်မှာ သာသနာ သေနေတယ်။

လိုက်နာယူသန္တာန်မှာတော့ သာသနာ ရှင်နေတယ်။

သမာဓိ၊ ပညာ ကျင့်နေသူတို့ သန္တာန်မှာ သာသနာရှင်ရာမှ သန်မာထွားကြိုင်းနေတယ်။

●●●●●●○○○○○○●●●●●●○○○○○●

အင်အားကောင်းတဲ့ မေတ္တာ။
••••••••••••••••••••••••••

မနောကံ မေတ္တာမျှသာ ထားနိုင်ရုံကတော့မေတ္တာအင်အား မကောင်းလှသေးပါဘူး။

နှုတ်ကရော ကိုယ်ကပါ မေတ္တာ ပါလာမှမေတ္တာအင်အားကောင်းတယ်လို့ ဆိုရပါတယ်။

●●●●●●○○○○○○●
"ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီး၏ သြဝါဒ ကောက်နုတ်ချက် "
~~~~~~~~~~~~~~~~~~~~~
ကနေ့ခေတ်မြန်မာနိုင်ငံမှာ လူဦးရေ သန်းခြောက်ဆယ်ကျော် ရှိတယ်... အဲ့အထဲက ဆယ်သန်းကျော်ဟာ ဘာသာခြားတွေပါ။

အလုပ်အကိုင်တွေမှားကြတော့ ရခိုင်ဒေသမှာ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ခုပုဆိန်နဲ့ပေါက်နေကြရပြီ။ ဒီလိုပဲ တိုင်းရင်းသား ကရင်ပြည်နယ်မှာ လူမျိုးခြား သွေးနှော နှာခေါင်းချွန်လေးတွေ ဘုန်းကြီး အတော်များများတွေ့ခဲ့ရတယ်။ ဟိုနေ့က မြန်မာနိုင်ငံက ဗလီအရေအတွက် စာရင်းကြည့်မိတော့ ကရင်ပြည်နယ်မှာ အများဆုံးဖြစ်နေတယ်။

မြန်မာနိုင်ငံက ကျန်တဲ့ဗုဒ္ဓဘာသာဝင်ဦးရေ သန်း ၅၀ လောက်မှာ သုံးပုံပုံရင် တစ်ပုံပဲ ငါးပါးသီလမြဲတော့တယ်။ ကျန်တဲ့သုံးပုံနှစ်ပုံကတော့ ဘာသာရေးအသိ အတော်နည်းနေကြတယ်။ အဲ့ဒီအထဲမှာ တို့ ဘုန်းကြီးတွေလည်းပါတယ်။

ဒီလိုအတိုင်းသာ ဘာသိဘာသာနေမယ် ကိုယ်နဲ့မဆိုင်သလိုသာနေမယ်ဆိုရင် တို့မြန်မာနိုင်ငံဟာ မြန်ရင် နှစ်ငါးဆယ် ကြာရင်နှစ်တစ်ရာအတွင်း ဘာသာခြားနိုင်ငံဖြစ်ပြီး သာသနာဟာ အခြားသို့ရွှေ့တော့မှာဖြစ်တယ်။

ကဲ သာသနာရွှေ့သွားရင် မြန်မာနိုင်ငံဟာ ဘာဘာသာနိုင်ငံဖြစ်သွားမလဲ ? ခရစ်ယန်လား ? အစ္စလမ်လား ?

အေး အစ္စလမ်နိုင်ငံဖြစ်သွားတော့မယ်။ ဒီလောက်အခြေ အနေဖြစ်နေတာတောင် တချို့တွေက ဖာသိဖာသာနေကြတုန်းပဲ။ ဒါပေမယ့် တချို့နိုးကြားမှုလေးတွေ တွေ့နေရတာမြင်ရတာ အတော်ကောင်းပါတယ်။

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးလုပ်လိုက်တာ တိုင်းပြည်ရဲ့သာသနာ ဆုတ်ယုတ်မှုတွေ အတော်ဖြစ်သွားတယ်....

သီလ လုံခြုံအောင်နေကြ သီလလုံမှ မင်္ဂလာရှိမယ်။

ကူးပဲကူးကူး ရှယ်ရှယ် ခရက်ဒစ်ပေးစရာမလိုပါ ခင်ဗျာ..

ရွှေတောင်ကုန်းရိပ်သာ ဆရာတော်ကြီး
ဦးပဏ္ဍိတာဘိဝံသ ၁၄-၅-၂၀၁၄ မနက် ၇:၁၅
ဟောကြားတော်မူသော တရားမှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment