Tuesday, April 12, 2016

ဘယ်သူ့ မှ အားမကိုးနဲ့ 

ဘယ်သူ့ မှ အားမကိုးနဲ့ 
--------------------------

၁၉၈၀ ဝန်းကျင်တုန်းက ဘုရားရှင်ရဲ့အသံတော်ကို
ရှာဖွေခဲ့ကြဘူးတယ် အဲဒီတုန်းက တွေ့ သလိုလို
မတွေ့ သလို လိုနဲ ပဲ ဒီသတင်းဟာ ပျောက်ကွယ်
ခဲ့ဘူးတယ်

အခု တခါ ဘုရားရှင်ရဲ့ စွယ်တော်ကို စစ်တဲ့အခါ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာဝန်းကျင်
က စစ်မှန်ကြောင်း အတည်ပြုပေးကြတယ်
ဒါပေမဲ့ တွေ့ တွေ့ ချင်း ချက်ချင်းမထုတ့် ပြန်ဘူးတဲ့ မရှုနိုင်မကယ်နိုင်ဖြစ်မှ ထုတ်ပြန်ရတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်

သုတေသနပြုတာက ဘာသာခြားတွေ
ဘယ်လိုသိပ္ပံပညာရှင်ပဲဖြစ်ဖြစ် မိမိတို့ တွေ့ ရှိချက်
ကို ချက်ချင်းထုတ်ပြန်သင့်ပါတယ်
အခြားအကြောင်းအရာတွေကိုတော့ ချက်ချင်း
ထုတ်ပြန်ပြီး  ဗုဒ္ဓဘာသာနဲ့  ပါတ်သတ်တဲ့
အကြောင်းအရာတွေကိုတော့ ကျယ်ပြန့် မှာစိုးလို့ 
မသိချင်ယောင်ဆောင်ကြတယ် သိပ္ပံသဘော
ဆန်တဲ့ဘာသာဖြစ်တဲ့အတွက် အခြားဘာသာတွေ
ယှဉ်လို့ မရမှန်းသိကြတယ် ဒါ့ကြောင့် သိသလောက်ကို မထုတ်ပြန်ကြဘူး

မဖြစ်မနေအကြောင်းအရာတွေလောက်သာ
ထုတ်ပြန်ပြီး ကျန်တာတွေကိုတော့ သတင်းအမှောင်ချထားကြတာများတယ်

ကမ္ဘာကြီးကို ဦးဆောင်နေသူတွေဟာ
ဘာသာခြားတွေ သူတို့ က ဗုဒ္ဓဘာသာကျယ်ပြန့် 
မှာစိုးလို့  တက်ညီလက်ညီနဲ့  မသိချင်ယောင်ဆောင်ဖုံးကွယ်ဖို့ ကြိုးစားကြပေမဲ့
ဘုရားရှင်ရဲ့စစ်မှန်တဲ့ သာသနာတော်အရှိန်အဝါ
ကြောင့်သော်၎င်း တရားတော်ရဲ့ လက်တွေကျလှတဲ့ သဘောတရားတွေကြောင့်
သော်၎င်း  ထိတွေ့ သူတိုင်းဟာ မလွန်ဆန်နိုင်
တော့ဘူး

ဆရာတော်ကြီး ဦးဥာဏီဿရ ပြောသလိုပါပဲ
ဗုဒ္ဓဘာသာတွေ ဘာလုပ်လုပ် ဘာပြောပြော
ဘယ်သူမှဂရုမစိုက်ကြဘူး ကျန်တဲ့ဘာသာတွေ
ဘာပြောပြော တကမ္ဘာလုံး အုံးအုံးကြွတ်ကြွတ်ကို
ထနေတာပဲ  တဲ့

အင်း  စစ်မှန်တဲ့ဘာသာဝင်နည်းပါးပြီး
အယူမှားသူတွေ နည်းပါးနေတာကတော့
ကမ္ဘာကြီးအတွက် ရတတ်မအေးစရာပါပဲ

ဒီလိုအသိမျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေသိသင့်ပြီး
ကိုယ့်ဘာသာကျယ်ပြန့် ဖို့  ကိုယ်တိုင်သာ
အားထုတ်ရမယ်ဆိုတဲ့ အသိမျိုးကို လူတိုင်း
သိသင့်လှပါတယ်

သိပ္ပံပညာရှင်ဆိုတာတွေကလည်း
တခြားအရာတွေမှာသာ ချက်ချင်းထုတ်ပြန်ပြီး
ဘာသာရေးနဲ့ ပါတ်သတ်တာတွေကိုတော့
မသိချင်ယောင်ဆောင်တာဟာ

တခုခုတော့ လွဲနေသလိုပါပဲ

No comments:

Post a Comment