မြန်မာ့ဆိုင်း - - - တီထွင်သူ
မကာရလောပ အကျော် ခင်ကြီးပျော်
( အဲဒီခေတ်က ဘုန်းကြီးကို ခင်ကြီးလို့ခေါ် )
ဆိုင်းတီး - - - စိန်ဗေဒါ
ရှင်ဘုရင်နှစ်သက်အောင် စွမ်းနိုင်တဲ့ ဆိုင်းဆရာ
များကို ရွာအပိုင်စား ဆုအဖြစ်ပေးလေ့ရှိလို့ - -.,
ဆိုင်းဆရာဆိုရင် - - - ရွာစားလို့ခေါ်
ဗဟုသုတ ရစေရန်ရည်ရွယ်ပါတယ်
-----------------------------------------------------
မြန်မာ့ ဆိုင်းဝိုင်း မှာ ဗုံ ဘယ်နှစ်လုံး ပါပါ သလဲ?
ဖြေကြည့်ပေးပါ ခင်ဗျာ။
ဟုတ်ကဲ့ ကျွန်တော် မှတ်ထားတာလေး ဝေမျှ ချင်ပါတယ်။
မြန်မာ့ ဆိုင်းဝိုင်း မှာ ဗုံ (၃၁) လုံး ပါဝင်ပါတယ်။
(၃၁) ဘုံ ကို ကိုယ်စားပြု တဲ့ ဗုံ လေးတွေပါ။
လူ့ ဘုံ(၁) ဘုံ။
နတ် ဘုံ(၆) ဘုံ။
ဗြဟ္မာ ဘုံ(၂၀)ဘုံ။
အပါယ် ဘုံ(၄) ဘုံ။
အပါယ် ဘုံ ကို ကိုယ်စားပြုတဲ့ ဗုံ များဟာ
တုတ်ချောင်းနဲ့ တီးရပါတယ်။
ဒုက္ခ ခံ ရတဲ့ သဘောကို ဖော်ပြထားတာပါ။
ကျန် ဗုံ များက တော့ လက်နဲ့ တီးရတာပါ။
ဗြဟ္မာ ဘုံ ကို ကိုယ်စားပြုတဲ့ ဗုံ များ ဟာ
ပတ်ဝိုင်း အတွင်း က ဗုံငယ် လေးများပါ။
ဒီ ဗုံလေး ထဲမှာမှ
ပတ်စာ မပါတဲ့ ဗုံ(၄)ဗုံ က အရူပ ဘုံ ကို ကိုယ်စားပြုထားတာပါ။
အရူပ ဘုံ ဆိုတာ ခန္ဓာမရှိ နာမ်သီးသီးသာ ရှိတဲ့ ဘုံပါ။
ဒါကြောင့် ပတ်စာ ထည့်မထားတာပါ။
ပတ်စာ ပါတဲ့ ဗုံလေး (၁၆)ဗုံ ကတော့ ရူပဘုံ (၁၆)ဘုံကို
ကိုယ်စားပြုတာပါ။
မြန်မာ့ ဆိုင်းဝိုင်း ဟာ အဆင့်အတန်း မြင့်တဲ့အပြင်
ရှေး မြန်မာ ပညာရှိ များရဲ့ တီထွင် ဖန်တီး မှု့ ကို
ဂုဏ်ယူ တက်အောင် တင်ပြရခြင်းရယ်ပါ။
အမှားအယွင်း ပါခဲ့သော်
ကျွန်တော်၏ အမှတ်သညာ ညံ့ဖျင်းမှု့ကြောင့်သာပါ။
Credit ဟန်သား ကင်းသား (ပုသိမ်)
ရွှေပိုး
#########
ပတ်ဝိုင်း ၂၀
ခြောက်လုံးပတ် ၆
စည်တို ၎
ပတ်မကြီး ၁
ဒါပေမယ့် ခုခေတ်ဆိုင်းဝိုင်းတွေမှာ ပတ်ဝိုင်းအတွင်း ၂၅ လုံးထိတွေ့နေရပါတယ်
$$$$$$
သံဝေဂယူရင် ၃၁ ဘုံအတွင်းသတ္တဝါတွေဟာ ဗုံတွေတီးသလို ကာမဂုဏ်အာရုံတွေကနှိပ်စက်
အတီးခံနေရတာပါ ဒီသဘောကိုဆောင်ပြီး ခင်ကြီးဖျော်ဆရာတော်ကတီထွင်ထားတာပါ
######
အရင်ကကြားဖူးပါတယ် ၃၁ ဘုံ အကြောင်း
ဗုံ ၃၁ လုံး နဲ့ အညီ
ပတ်ဝိုင်း အတွင်း က ၂၁ လုံး ခြောက်လုံး ပတ် ၆ လုံး ပန်းမကြီး ၁လုံး စခွန့် ၁ လုံး စည်တို ၂လုံး
အားလုံး စုစုပေါင်း ၃၁ လုံး ပါ ။
ယခုခေတ်တော့ စည်တိုသံ မြို င်နေဖို့ လေးလုံး ငါးလုံး ထားကြတယ်။
######
လူပြည်ကအပ်တစ်စင်း ဗြဟ္မပြည်က အပ်တစ်စင်းထိဖို့မလွယ်သလို လူအဖြစ်ရခဲ့လို့ ပတ်မကြီးကိုတီးလျှင် လက်ညိုးလေးနဲ့ ထောက်တီးရတာ နှစ်ဖက်ထိသလိုလေးပေါ့ ပတ်မကြီးပါ
####
ခြောက်လုံးပတ် ရှေ့က ဗုံကိုစခွန့်လို့ခေါ်ပါတယ်
အဲဒီဗုံကို ခင်ကြီးပျော်ထည့်ပေးထားတယ်လို့ကြားဖူးပါတယ် မကာရလောပ အကျော် ခင်ကြီးပျော် မသိမတတ်တာမရှိဘူး ပြောလို့ ဘုန်းကြီးဆိုတာ
ဒို့လောကီ လူသား အတီးအမှုတ်ဂီတ အကြောင်းတော့သိမှာမဟုတ်လောက်ပါဘူး
အထင်နဲ့မေးလျှောက်တော့ စခွန့်လို့ခေါ်တဲ့ဗုံတစ်လုံးထပ်တိုးတီးမှ အဆင်
ပြေပြည့်စုံမှာမို့ စခွန့်ဗုံကိုခင်ကြီးပျော်ထည့်ပေးတယ်လို့ကြားဖူးပါတယ်
####
ခင်ကြီးပျော်.....တဲ့။
ကြားဘူးတာလေးနော်ဝင်ပြီးဆွေးနွေးကြည့်တာ
ပါ၊ခင်ကြီးဆိုတာ၊အဲဒီအရပ်သားတွေရဲ့အသုံးအ
နှုံးပါ၊ဥပမာ~အရှင်သခင်ကြီး...လို့ခေါ်ကြပါတယ်
အဲ_ပျော်ဆိုတာက..လူ့ဘဝကနာမည်ပါ၊အဲဒီလို
ခေါ်ကြတာဆိုတော့အပြည့်အစုံဆိုရင်တော့.....
အရှင်သခင်ကြီး..ပျော်..၊ပေါ့နော်အဲနောက်တော့
လဲရှေ့ကအရှင်..နဲ့သကိုဖြုတ်ပီး...ခင်ကြီးပျော်
ဖြစ်လာတပါလို့ကြိုးစားပီးတင်ပြလိုက်ပါတယ်။
@@@
ဘုန်းဘုန်းဘုရားတပည့်တော်သိတာလေး
တင်ပြလိုက်တာပါဘုရား
၆လုံးပတ်သည်ထောက်၎လုံးနှင့်ပတ်မ၁လုံးစခွန့်၁လုံးကိုစုပေါငိးခေါ်ပါသည်
###
ရှေ့သုံး
ဗုံ၃၁မှာဆိုင်းဝိုင်းအတွင်း၂၁လုံး
ပန်းမ၁လံုး
စခွန့်၁လုံး
ထောက်ဗုံ၎လုံး
စီတို၂လုံး
ပလုပ်၁လုံး
ဗုံနောင်၁လံး
စုစုပေါင်း၃၁လုံးဖြစ်သည်
####
No comments:
Post a Comment