❀ မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာဟာ ဘယ်မှာ တည်သလဲဆိုရင် ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ တည်တာလေ၊ မကျင့်သုံးတဲ့ ပုဂ္ဂိုလ်မှာ မတည်ဘူး။ အဲဒီတော့ သာသနာဆိုတာ မြေကြီိးပေါ်တည်တာလည်း မဟုတ်ဘူး၊ ကျောင်းပေါ်တည်တာလည်း မဟုတ်ဘူး၊ စေတီပေါ်တည်တာလည်း မဟုတ်ဘူး။ ဘယ်မှာတည်တုန်း၊ ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ သာသနာတည်တယ်၊ ဘယ်လောက်တည်တယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။အဲဒီတော့ ဘုရားသာသနာ ကြုံပါလျက်သားနဲ့
ကိုယ့်သန္တာန်မှာ သာသနာတစ်ခုမှ မတည်ဘူး၊ မခိုင်မာဘူးဆိုရင် ဒီ့ထက်ဆုံးရှုံးတာ ဘယ်ရှိမလဲ။
❀ မသိလို့ ဆုံးရှုံးသွားတဲ့ အနေအထားမျိုးမရှိအောင် ဘုန်းကြီးတို့တစ်တွေ ဘယ်လိုကြိုးစားရမလဲ-
၁။ သီလနှင့်ပြည့်စုံအောင် ကြိုးစားရမယ်။
၂။ သီလကို အခြေခံပြီး သမာဓိလုပ်ငန်း ကျင့်စဉ်တွေကို ကြိုးစားရမယ်။
၃။ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီး နောက်ဆုံးပန်းတိုင် အထိရောက်အောင် ကြိုးစားရမယ်။ အဲဒီလို အဆင့်ဆင့် ကြိုးစားသွားတဲ့သဘောမျိုးကို သာသနာတည်အောင်ကြိုးစားတယ်လို့ခေါ်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ ဓမ္မအသိဉာဏ်၊ ရင့်သန်တိုးပွား၊ အကျိုးများနိုင်ကြပါစေ။
No comments:
Post a Comment