Sunday, April 17, 2016

ဇိမ်ကျကျ ထမင်းစားနည်း

ဇိမ်ကျကျ ထမင်းစားနည်း
■■■■■■■■■■■■■■

★ ထမင်းလုတ်တစ်လုတ်ကို အနည်းဆုံး အကြိမ် နှစ်ဆယ့်ငါးကြိမ်လောက်ဝါးပေးပါ။

★ ဖြစ်နိုင်ရင် အကြိမ်သုံးဆယ့်ငါး ကြိမ်လောက်အထိ ၀ါးပေးပါ။ အဲ့လို ၀ါးတယ်ဆိုရင် စိတ်က ငြီးငွေ့လာတယ်။ ငြီးငွေ့တာလည်းပဲ emotion တစ်ခုပဲ။

★ ဒီလောက်ကြိုးစားပြီးတော့... မနက်ခုနစ်နာရီလောက် အိပ်ယာထ၊ အလုပ်သွား၊ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်။ ကောင်းကောင်း စားနိုင်ဖို့ အတွက် အများကြီး အလုပ်ကြိုးစားရတယ်။

တကယ် စားနိုင်တာကျတော့ ဒီအရသာလေး ခံစားပြီးတော့ မစားနိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုရင် စိတ်က ငြီးငွေ့လာလို့ မြန်မြန်မြိုချလိုက်တယ်။

★ ဒီအရသာတစ်ခုလေးနဲ့ မတင်းတိမ်နိုင်ဘူး။ တခြားအလုပ်နဲ့သူ့ကို supplement လုပ်ရတယ်။ ဖြည့်ရတယ်ပေါ့။

ဘာတွေ ဖြည့်ရလဲဆိုတော့
● တစ်ချို့က စကားပြောတာတွေ ဖြည့်တယ်။
● တစ်ချို့က သတင်းစာနဲ့ ဖြည့်တယ်။
● တစ်ချို့က တီဗီနဲ့ ဖြည့်တယ်။
● တစ်ချို့က နားမှာ earphone တပ်ပြီး နားထောင်ပြီး သီချင်းနဲ့ ဖြည့်တယ်။

★ သီချင်းကိုလည်းပဲ ရာနှုန်းပြည့် မခံစားနိုင်ဘူး။ အစားအသောက်လည်း ရာနှုန်းပြည့် မခံစားနိုင်ဘူး။

အလုပ်ကတော့ ကြိုးကြိုးစားစားလုပ်ပြီးတော့ အစားအသောက်ကောင်းတွေ မစားနိုင်ဘူး။ ထမင်းတစ်လုပ် မစားနိုင်ဘူး။ 

★☆ တကယ်စားနိုင်တဲ့အခါ ကောင်းကောင်း မစားနိုင်ဘူး။ ဘာလို့ မစားနိုင်တာလဲဆိုတော့ စားနိုင်တဲ့ စိတ်ရဲ့ စွမ်းရည်၊ စိတ်ရဲ့ capacity မရှိလို့။

★☆ အဲ့ဒီနေရာမှာ ထမင်းတစ်လုတ်ထဲမှာတင် emotion တွေက ဖြစ်နေတာ။ ဒါကို ကြိုက်လိုက်၊ မကြိုက်လိုက်၊ အဲ့လိုတွေ ဖြစ်နေတာ။

★ အဲ့ဒါကြောင့် ဖြစ်နေတာလေးကို သိအောင် ၀ါးတဲ့အခါမှာ အနည်းဆုံး ဖြစ်နိုင်ရင် အကြိမ် ၂၅ လောက်ဝါးပါ။

★ ဖြစ်နိုင်ရင် ၃၅ကြိမ်လောက်ဝါးပါ။ တရားကျင့်ကြံတဲ့ ဆရာတော်ကြီးတွေက အကြိမ် ငါးဆယ်နဲ့ ခြောက်ဆယ်ဝါးပါတယ်။

★ အဲ့လို ၀ါးတယ်ဆိုရင် ကျန်းမာရေးအရ enzyme လည်းဖြစ်တယ်။ ထွက်လာတဲ့အခါကျတော့ ၀မ်းထဲ အစာအာဟာရရောက်သွားရင် သိပ်ပြီးတော့ အစာမချက်ရတော့ဘူး။ အစာအိမ် သက်သာတယ်။

★ ပါးစပ်က သွားထဲက သူလုပ်ရမယ့်အလုပ်၊ သူ့တာဝန်တွေ ကောင်းကောင်းမွန်မွန် မလုပ်တဲ့အခါကျတော့ ဗိုက်ထဲရောက်သွားရင် အစာအိမ်က သူလုပ်ရမယ့်အလုပ်ထက် နှစ်ဆ၊ သုံးဆ ပိုလုပ်ရတယ်။

★ အဲ့ဒီကျတော့ energy တွေ အများကြီးကုန်တယ်။ ဒါ့ကြောင့် လူတွေ ထမင်းစားတဲ့အခါ မြန်မြန်လည်း စားနိုင်တယ်။

★ အဲ့ဒီမကြာခင်မှာ အစာကြေချက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပင်ပန်းနေတယ်။ အိပ်ငိုက်ကြတယ်။ အဲ့လို။

★ ဒါ့ကြောင့်ဒီနေ့ ထမင်းစားတဲ့အချိန်မှာ စကားပြောမယ်ဆိုရင်လည်း ထမင်းလုတ်လည်း မပြင်နဲ့၊ ပါးစပ်ထဲမှာလည်း မ၀ါးနဲ့။ စကားပဲပြော။

★ ထမင်းစားတဲ့အချိန်မှာလည်း ပါးစပ်ထဲမှာ ထမင်းလုတ်ရှိနေတဲ့အချိန်မှာ အဲ့ဒီ ထမင်းရဲ့ အရသာ၊ ဟင်းရဲ့ အရသာကိုပဲ အရသာခံပြီးတော့ စား။ ခပ်ကြာကြာဝါး။

ဒါ ရုံးမှာလည်း လုပ်မယ်။ အိမ်မှာလည်း လုပ်မယ်။ ဒီလိုလုပ်တယ်ဆိုရင် အလုပ်ကြိုးစားရကျိုး နပ်တာပေါ့။

☆ ပင်ပင်ပန်းပန်း ရှာထားရတဲ့ဟာ၊ စားတဲ့အခါလည်း ဇိမ်နဲ့ စားတတ်အောင် သင်ပေးတာ။

☆ အဲ့ဒီ ထမင်းလုတ်တိုင်း၊ ၀ါးတိုင်း ၀ါးတိုင်းမှာ emotion management တွေ ပါပါတယ်။ မိမိရဲ့ စိတ်ခံစားမှု ကိုင်တွယ်တဲ့အလုပ် တခါတည်း ပြီးသွားပါတယ်။

● အဲ့ဒီိလို လုပ်တယ်ဆိုရင် ပါးစပ်က ၀ါးတာက ရုပ်အာဟာရ။
● စိတ်က ဒီမှာ enjoy လုပ်နေတာ စိတ်အာဟာရ။
★ ရုပ်အာဟာရရော၊ စိတ်အာဟာရရော
နှစ်ခုလုံး ဖြစ်ပါတယ်။

★☆ အဲ့လို မဟုတ်ဘဲနဲ့ စားရင်းနဲ့ complain လုပ်လိုက်၊ စားရင်းနဲ့ အတင်းပြောလိုက်၊ (အတင်းပြောတယ်ဆိုတာ Positive မရှိဘူးလေ။ negative ပဲ ပြောကြတာ။) ဆိုရင် ပါးစပ်ကတော့ ရုပ်အာဟာရဖြစ်အောင် စားနေတာပဲ။

★ ဒါပေမယ့် စိတ်က အာဟာရမဖြစ်အောင် ဖျက်နေတယ်။ စိတ်က ကြားထဲမှာ အဆိပ်လေးတွေ ထည့်ပေးနေတာ။

ဒါ့ကြောင့် အဆိပ်မဖြစ်အောင်စားတတ်ဖို့အတွက် mindful indeed သတိနဲ့ စားတတ်ပါစေ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

မဟာဗောဓိရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော
အောက်စဖိုဒ့်ဆရာတော်
ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ,
(Ven. Dr. Dhammasami, Oxford)
ဟောကြားပို့ချတော်မူသည့်
Emotion Management & Mindful Compassion တရားပွဲသင်တန်း
အပိုင်း (၁) အသံဖိုင်မှ စာရိုက်ပူဇော်ပါသည်။

(ဆရာတော်ကြီးများ၏တရားတော်များ စာမျက်နှာမှကူးယူပါ၏။)
TS

No comments:

Post a Comment